မီးလုံးကြီးတစ်လုံးကို ကမ္ဘာပတ်လမ်းကြောင်းမှာ တွေ့ရှိ

အမေရိကန်အာကာသစူးစမ်းလေ့လာရေးဋ္ဌာန နာဆာက ကမ္ဘာပတ်လမ်းပေါ်မှာ မီးလုံးကြီးတစ်လုံး ရောက်နေ ကြောင်းကို အသိပေးထုတ်ပြန်လိုက်ပြီးဖြစ်ပါတယ်။ ၎င်းမီးလုံးကြီးကို ရုရှားနိုင်ငံရှိ Kamchatka ကျွန်းဆွယ်မှနေပြီး တွေ့နေရတာဖြစ်ပါတယ်။

အဆိုပါမီးလုံးကြီးဟာ နှစ်၃၀အတွင်း ကမ္ဘာ့ပတ်လမ်းကြောင်းထဲကို ဝင်လာခဲ့တဲ့ ဂြိုလ်သိမ်တွေထဲမှာ ဒုတိယ အကြီး ဆုံးဖြစ်တယ်လို့ သိရပါတယ်။ ပထမ အကြီးဆုံးကတော့ လွန်ခဲ့တဲ့ ၆နှစ်က ရုရှားနိုင်ငံ Chelyabinsk မှာ တွေ့ရှိ ခဲ့တဲ့ မီးလုံးကြီးဖြစ်ပါတယ်။ ယခုကမ္ဘာပတ်လမ်းထဲကို ရောက်နေတဲ့ မီးလုံးရဲ့ အရွယ်အစား အတိအကျကိုတော့ မသိရ သေးပါဘူး။ မီးလုံးဟာ Hiroshima မှာပေါက်ခဲ့တဲ့ အနုမြူဗုံး ကဲ့သို့ ၁၀ကြိမ်လောက် ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။ Nasa ရှိ ဂြိုလ်ကာကွယ်ရေးအရာရှိ Lindley Johnson က ၎င်းကဲ့သို့ မီးလုံးကြီးတွေဟာ နှစ်၁၀၀မှာ (၂)ကြိမ် သို့မဟုတ် (၃)ကြိမ်အထိ လာလေ့ရှိတယ်လို့ ပြောပါတယ်။ မီးလုံးကြီးဟာ ကမ္ဘာ့မျက်နှာပြင်မှ 25.6km အကွာအ ဝေးတွင် 32km/s အမြန်နှုန်းနဲ့ သွားနေပြီး 173 kilotonnes ပြင်းအားဖြင့် ပေါက်ကွဲနေတာဖြစ်ပါတယ်။ လက်ရှိမှာ မီးလုံးကြီးဟာ Bering ပင်လယ်ပေါ်မှာ ရှိနေတယ်လို့ သိရပါတယ်။


၂၀၀၅ ခုနှစ်တုန်းကလည်း ယခုကဲ့သို့ ကမ္ဘာအနီးသို့ ၁၄၀မီတာ အရွယ်ရှိတဲ့ ဂြိုလ်သိမ်ကြီးတစ်ခု ရောက်လာခဲ့ပါ တယ်။ ထိုစဉ်ကတော့ US လေတပ်က အာကာသဒုံးလက်နက်ကို အသုံးပြုပြီး ဖျက်ဆီးခဲ့ပါတယ်။ ယခုအခါမှာလည်း လိုအပ်ရင် ဖျက်ဆီးဖို့အတွက် တာဝန်ရှိသူများက အထူးစောင့်ကြည့်နေကြပါတယ်။ မီးလုံးကြီးဟာ အာဖရိကရဲ့ တောင် ဘက်ခြမ်းကို ကျနိုင်ချေရှိတယ်လို့ ပညာရှင်များက ခန့်မှန်းနေကြောင်းလည်း သိရပါတယ်။

Source : BBC

Leave a comment

Your email address will not be published. Required fields are marked *