မုန်လာဥနီမှာပါဝင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ

မုန်လာဥနီတစ်လုံးမှာ ကယ်လိုရီ၊ အမျှင်ဓာတ်၊ ဗီတာမင် A ၊ K နဲ့ C တို့အပြင် ပိုတက်ဆီယမ်ဓာတ် ကြွယ်ဝစွာပါဝင်ပါတယ်။ အာဟာရတန်ဖိုးတွေ ကြွယ်ဝစွာပါဝင်နေတဲ့ မုန်လာဥနီက ဘယ်လိုကျန်းမာရေးအကျိုးကျေးဇူးတွေ ပေးနိုင်လဲဆိုတာ လေ့လာကြည့်ရအောင်။

(၁) အသားအရေကို ချောမွေ့စေခြင်း

မုန်လာဥနီမှာပါဝင်တဲ့ carotenoid က အသားအရေချောမွေ့ကောင်းမွန်စေဖို့ ကူညီပေးပါလိမ့်မယ်။

(၂) ကင်ဆာရောဂါကာကွယ်ပေးခြင်း

fresh carrots isolated on white background

လေ့လာတွေ့ရှိချက်များအရ မုန်လာဥနီမှာပါဝင်သော အဆိပ်အတောက်တွေဖယ်ရှားပေးနိုင်တဲ့ beta-carotene က ကင်ဆာဆဲလ်ပြန့်ပွားမှုကို ကာကွယ်ပေးပါတယ်။

(၃) ဆီးချိုရောဂါကာကွယ်ပေးခြင်း

မုန်လာဥနီက ဆီးချိုရောဂါ (၂) မျိုးလုံးကို ကာကွယ်ပေးနိုင်တဲ့ အသီးအနှံတစ်မျိုးဖြစ်ပါတယ်။

(၄) နှလုံးကျန်းမာရေးကို ကောင်းမွန်စေခြင်း

မုန်လာဥနီစားသုံးခြင်းဖြင့် နှလုံးသွေးကြောဆိုင်ရာရောဂါများကို ကာကွယ်ပေးနိုင်ရုံသာမက နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

(၅) ကိုယ်ခံအားကောင်းစေခြင်း

မုန်လာဥနီစားသုံးခြင်းက  ခန္ဓာကိုယ်အတွင်းကို ဗိုင်းရပ်စ်၊ ဘက်တီးရီးယားများနဲ့ အခြားရောဂါပိုးမွှားများ ဝင်ရောက်ခြင်းမှ ကာကွယ်ပေးနိုင်တဲ့အပြင် ကိုယ်ခံအားစနစ်ကိုပါ ကောင်းမွန်စေပါတယ်။

(၆) ကိုလက်စရောကို လျော့ကျစေနိုင်ခြင်း

မုန်လာဥနီမှာ အမျှင်ဓာတ်ကြွယ်ဝစွာ ပါဝင်တာကြောင့် ကိုလက်စရောကို လျော့ကျစေနိုင်တဲ့ အစွမ်းသတ္တိရှိပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *