မော်စကိုမြို့အနည်း လေယာဉ်ပျက်ကျမှုကြောင့် ၇၁ဦး သေဆုံး

ရုရှားနိုင်ငံ မြို့တော်မော်စကို အနီးမှာ Saratov လေးကြောင်းလိုင်းမှ သက်တမ်း ၇နှစ်ရှိပြီးဖြစ်တဲ့ An-148 ဂျက်လေယာဉ်တစ်စင်းဟာ ဖေဖော်ဝါရီလ ၁၁ရက်နေ့က ပျက်ကျခဲ့ပါတယ်။

An-148 ဂျက်လေယာဉ်ဟာ ခရီးသည် ၆၅ဦးနဲ့ လေယာဉ်အမှုထမ်း ၆ဦး ပေါင်း ၇၁ဦးကို တင်ဆောင်ပြီး မော်စကိုမြို့ရဲ့ ဒုတိယအကြီးဆုံး ဒူမိုဒီဒူဗို လေဆိပ်ကနေ Orskမြို့ကို ပျံသန်းမှာဖြစ်ပါတယ်။ သို့သော် အကြောင်းမလှပဲ မော်စကိုမြို့ရဲ့ အရှေ့တောင်ဘက် ၈၀ကီလိုမီတာမှာရှိတဲ့ အာဂူနိုဗို ကျေးရွာ အပြင်ဘက်မှာ ပျက်ကျခဲ့ပါတယ်။ လေယာဉ်ဟာ ပျက်ကျပြီး မီးလောင်သွားတယ်လို့ သိရှိရပါတယ်။ လေယာဉ်ပေါ်ပါလာသူ အားလုံး အသက်ရှင်နိုင်ချေနည်းတယ်လို့ သိရှိရပါတယ်။

An-148 ဟာ ဒူမိုဒီဒူဗို လေဆိပ်ကနေ ပျံသန်းပြီး မိနစ်ပိုင်း အကြာမှာ ရေဒါကနေပျောက်သွားကြောင်း လေယာဉ်ပျံသန်းမှုတွေကို ခြေရာခံတဲ့ FlightRadrr 24က ဖော်ပြထားပါတယ်။ ရုရှားသမ္မတက အခုလို လေယာဉ်ပျက်ကျခဲ့တဲ့အတွက် ဝမ်းနည်းကြောင်း ကြေငြာခဲ့ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *