မေးစေ့(၂)ထပ်ကို ပျောက်စေမယ့် လေ့ကျင်ခန်းများ

မေးစေ့(၂)ထပ်ဟာ အဆီပိုများပြီး လည်ရစ်ပေါ်လာခြင်းပဲဖြစ်ပါတယ်။ ဒါဟာ ပျောက်စေဖို့ခက်ခဲပါတယ်။ အဝလွန်နေတဲ့ပုံမျိုးဖြစ်တာကြောင့် လူတိုင်း မေးစေ့(၂)ထပ်ရှိတာကို မကြိုက်ကြပါဘူး။ ယခု ဒီလိုမေးစေ့(၂)ထပ်တွေကို ပျောက်စေမယ့်လေ့ကျင့်ခန်းတွေကို ဖော်ပြပေးသွားပါမယ်။

အပေါ်နဲ့ အောက် မေးရိုးတွေကို ဘယ်ညာ (၈)ကြိမ်မှ (၁၀)ကြိမ်ရွေ့လျားပေးပါ။

ခေါင်းကိုအပေါ်မော့ပြီး နှုတ်ခမ်းကိုဆူကာ လည်ပင်းကို ဆန့်ပေးပါ။ ထိုကဲ့သို့ (၅)ကြိမ်ပြုလုပ်ပါ။

လျှာကို နှာခေါင်းထိပ်ဖြင့်လှမ်းထိပါ။(၅)ကြိမ်ပြုလုပ်ပေးပါ။

လေကို စုပ်ပြီး ပါးကို ဖောင်းအောင်ထားပါ။ ထိုနောက် လက်ဖြင့် ဖိပြီး လေများကို ပြန်ထုတ်ပါ။ ထိုသို့အကြိမ်ပေါင်းများစွာပြုလုပ်ပေးပါ။

သွားများကို စေ့ပြီး ပြုံးတဲ့ပုံလုပ်ပါ။ ထိုသို့ (၈)ကြိမ်ခန့်ပြုလုပ်ပေးပါ။

မျက်နှာကို ဘယ်ညာလှည့်ပြီး လည်ပင်းကို ဆန့်သွားအောင် ပြုလုပ်ပါ။

မေးစေ့ကို လက်သီးဖြင့် ဖိပါ။ (၇)ကြိမ်ခန့်ပြုလုပ်ပေးပါ။ မကြာမီအချိန်တွင်း လည်ပင်း(၂)ထပ်ကို ရှာတွေ့မည်မဟုတ်တော့ပါ။

Leave a comment

Your email address will not be published. Required fields are marked *