မဲပေးရွေးချယ်မှုအရ ကမ္ဘာပေါ်က အလန်းဆုံး အလံ ၁၀ ခု

၁။ တူရကီ

ဒီအလံမှာ အဓိပ္ပါယ်အများကြီးပါဝင်နေပြီး တစ်ကယ့် သူရဲကောင်းတွေ နဲ့ နိုင်ငံတော်ကို ကိုယ်စားပြုတဲ့အလံလို့ သူ့ရဲ့အရောင်က ထပ်ဟပ်ပြနေပါတယ်။ အနီရောင်ကတော့ သူရဲကောင်းတွေရဲ့သွေးကို ကိုယ်စားပြုပြီး ကြယ်နဲ့လကတော့ ကောင်းကင်ကို ကိုယ်စားပြုပါတယ်။ ဒီအလံကိုတော့ လွတ်လပ်ခြင်း နဲ့ ဒီမိုကရေစီလို့ အဓိပ္ပါယ်ဖော်ဆောင်ပါတယ်။

၂။ အမေရိကန်အလံ

အမေရိကန်အလံဟာ အရင်က တောင်အာရှနဲ့ အနောက်အာဖရိကရဲ့ အလံဖြစ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် အဲ့လောက်ထိ ထင်ပေါ်မှုတွေမရှိသေးပါဘူး။ အကောင်းဆုံးလို့ သတ်မှတ်ခံရတာက အမေရိကန်ကလူတွေရဲ့ မဲပေးမှုကြောင့်ပါ။ မဲပေးသူတွေရဲ့ စကားသံတွေကတော့ အမေရိကန်အလံဟာ လှတယ်။ ကြည့်ပျော်ရှုပျော်ရှိတယ်။ ထင်ရှားတယ်။ ဒီအလံဟာ နံပါတ် ၁ နေရာမှာ မရှိခဲ့ရင်တောင် ကျွန်တော်တို့အတွက် စိတ်ကျေနပ်စရာတော့ ဖြစ်ပါတယ်။

အမေရိကန်အလံမှာ ပါဝင်တဲ့ အစင်းကြောင်း ၁၃ ခုက အနစ်နာခံပြီး လွတ်လပ်ရေးရရှိခဲ့တဲ့ ကိုလိုနီ ၁၃ ခုကို ကိုယ်စားပြုပြီး ကြယ် အလုံး ၅၀ ကတော့ ပြည်နယ် ၅၀ ကိုကိုယ်စားပြုတာဖြစ်ပါတယ်။

၃။ အန္ဒိယ

အဝါရင့်ရောင်ကတော့ အဂတိ တရားကင်းရှင်းကြောင်းကိုကိုယ်စားပြုပါတယ်။ အလယ်မှာရှိတဲ့ အဖြူရောင်ကတော့ သူတို့လုပ်ဆောင်မှုတွေအတွက် စစ်မှန်မှုကို ကိုယ်စားပြုပါတယ်။ အစိမ်းရောင်ကတော့ မြေကြီးနဲ့ ပတ်သက်နေပြီး အပင်တွေကိုရော၊ မြေကြီးကို မှီခိုစားသောက်သူမှန်သမျှ အကျုံုးဝင်ပါတယ်။ အလယ်မှာရှိတဲ့ အသောက  တံဆိပ်ဟာ ဓမ္မကို ကိုယ်စားပြုပါတယ်။ ဒီနိုင်ငံရဲ့ အရိပ်အောက်မှာ ရှိသူမှန်သမျှ ဓမ္မစက်အောက်မှာရှိပြီး ကိုယ်ကျင့်တရားကောင်းမွန်မှုကို ဖော်ညွှန်းပါတယ်။

၄။ ဘရာဇီး

ကွက်လပ်မှာရှိတဲ့ ကြယ်ကတော့ ပြည်နယ်နဲ့ ဖက်ဒရယ်ခရိုင်ကို ကိုယ်စားပြုပါတယ်။ အရောင်တွေကတော့ အတိတ်ကို ပြန်လည်တမ်းတစေပြီး အနာဂတ်ကို ရှေ့ဆက် စေပါတယ်။

၅။ ဂရိတ် ဗြိတိန်

ဒီအလံကို ပြည်ထောင်စု ဂျက် အလံလို့လည်း လူတွေသိကြပြီး အဓိပ္ပါယ်အများကြီးရှိပါတယ်။ ကမ္ဘာမှာလည်း ဒီအလံက နာမည်ကြီးပါတယ်။ အပြာရောင် နောက်ခံနဲ့ X အမှတ်အသားအနားက အဖြူရောင်တို့ဟာ စကော့တလန်ကို ကိုယ်စားပြုပြီး အလယ်မှာရှိတဲ့ အနီရောင်ကြက်ခြေခတ်ကတော့ အင်္ဂလန်ကို ကိုယ်စားပြုပါတယ်။

၆။ ကနေဒါ

ကနေဒါရဲ့ အလံကို ကြည့်လိုက်မယ်ဆိုရင် ကောင်းခြင်းမင်္ဂလာတွေနဲ့ပြည့်စုံနေပါတယ်။ အလံမှာရှိတဲ့ မေပယ်အရွက်ဟာ ထည့်ချင်တိုင်းထည့်လို့မရပါဘူး။ ရာသီဥတုမှန်တဲ့ နှစ်နိုင်ငံထဲက တစ်နိုင်ငံဖြစ်တဲ့ ကနေဒါက ထည့်သွင်းခွင့်ရထားတာဖြစ်ပါတယ်။

၇။ မက်ဆီကို

မက်ဆီကို အလံဟာ တီနိုချစ်တလန် ဒဏ္ဍာရီနဲ့ ဆက်စပ်မှုရှိနေပါတယ်။ လင်းယုန်၊ မြွေနဂါးနဲ့ အရောင်တို့ဟာ မက်ဆီကန် လူမျိုးတွေရဲ့ သရုပ်အမှန်ကို ထင်ဟပ်စေပြီး ကမ္ဘာကြီးကို သူနဲ့ဆိုင်တဲ့ သမိုင်းကြောင်းကို ဒီအလံကနေ မြင်တွေ့ရမှာပါ။

၈။ တောင်အာဖရိက အလံ

အရောင်တွေက ငြိမ်းချမ်းတဲ့ သက်တံ့ရောင်နိုင်ငံကို ကိုယ်စားပြုပါတယ်။ ကျွန်တော်တို့ဟာ ငြိမ်းချမ်းမှုလည်း မဟုတ်ဘူး။ စစ်ပွဲတစ်ခုလည်းမဟုတ်ဘူး။ ဒါပေမယ့် ငါတို့ဟာ မတူကွဲပြားတဲ့နိုင်ငံတွေက တူညီတဲ့ လူတွေဖြစ်ပါတယ်။

၉။ အင်္ဂလန်

အင်္ဂလန်ရဲ့အလံ ဟာ အလံလို့မခေါ်ပါဘူး။ ဒီအလံဟာ ပြည်ထောင်စု ဂျက်လို့ခေါ်ပါတယ်။ မဲစနစ်နဲ့ဖော်ပြတာဖြစ်တဲ့အတွက် ဒီအလံဟာ နံပါတ် ၅ မှာရော အခုတစ်ခါ နံပါတ် ၉ မှာပါ ဖော်ပြခံရတာပါ။

၁၀။ ဖီလစ်ပိုင်အလံ

အပြာရောင်က ငြိမ်းချမ်းခြင်း၊ အနီရောင်က စစ်ပွဲ၊ အဖြူရောင်က စင်ကြယ်ခြင်း၊ ကြယ် ၃ လုံးက အဓိက ကျွန်းသုံးခုဖြစ်တဲ့ လူဇွန် ၊ဗီဇာရ နဲ့ မင်းဒန်အို တို့ကိုကိုယ်စားပြုတာဖြစ်ပြီး ရောင်ခြည် ၈ ခုက ဖီလစ်ပိုင်တွေ စပိန်ကို တော်လှန်ခဲ့တဲ့ နေရာ ၈ ခုဖြစ်ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *