မျက်ခုံးကောင်းစေရန် နည်းလမ်းများ

သဘာဝဆန်တဲ့ မျက်ခုံးထူထူတွေဟာ မိတ်ကပ်ပြင်စရာမလိုတဲ့အချိန်မှာတောင် အလွန်လှပါတယ်။ ဒါကြောင့် မျက်ခုံးထူထူနဲ့ သန်ဖို့အတွက် လုပ်ဆောင်ရမယ့်နည်းလမ်းတွေကို ဖော်ပြသွားပါမယ်။
၁။ အုန်းဆီ၊ ကြက်ဆူဆီနှင့် ထောပတ်သီးဆီတို့ကို ရောလိမ်းပါ။

၂။ ဆံပင်လိမ်းတဲ့ ဗီတာမင် အီးကိုလည်း လိမ်းပေးပါ။

၃။ ကြက်သွန်နီကိုခွဲပြီး ပွတ်ပေးပါ။ မျက်စိမထိစေရန်သတိပြုပါ။

၄။ နွားနို့ဖြင့် သုတ်လိမ်းပေးပါ။


၅။ သံပရာရည်ဖြင့် သုတ်လိမ်းပြီး မိနစ်(၂၀)ကျော်ထားပြီး ရေဆေးချပါ။
၆။ လက်ဖက်ဆီကို သုတ်လိမ်းပေးပါ။
၇။ ကြက်ဥအနှစ်ဖြင့် သုတ်လိမ်း ပေါင်းတင်ပေးပါ။
၈။ Vaseline အဆီလိမ်းပေးပါ။
၉။ မျက်ခုံးတွေကို နိုပ်နယ်ပေးပါ။


၁၀။ ပရိုတင်း၊ ဗီတာမင်နှင့် အမိုင်နိုအက်ဆစ်ပါတဲ့ အစားအစာများကို များများစားပေးပါ။
သင့်အနေဖြင့် သင့်ရွေးချယ်သောနည်းကိုမူတည်ပြီး တစ်ပတ်လျှင် (၂)ကြိမ်အနည်းဆုံး ပြုလုပ်ပေးသင့်ပါသည်။

Leave a comment

Your email address will not be published.