မျိုးစပ်ထားတဲ့ ဝံပုလွေကြီး တစ်ကောင်ရဲ့ပုံ လူမှုကွန်ရက်ပေါ်တွင် ထွက်ပေါ်လာ

မျိုးစပ်ထားတဲ့ ဝံပုလွေကြီးတစ်ကောင်ဟာ လူမှုကွန်ရက်ပေါ်မှာ ထွက်ပေါ်လာပါတယ်။ သူ့နာမည်ကတော့ Yuki လို့ခေါ် ပါတယ်။ ၈ လသားပဲရှိသေးတဲ့ Yuki ကို ဖလော်ရီဒါရှိ Naples မြို့မှာ Shy Wolf Sanctuary က 2008 ခုနှစ် မှာ တွေ့ရှိခဲ့ပြီး ကယ်တင်ထားတာဖြစ်တယ်လို့ သိရှိရပါတယ်။Shy Wolf Sanctuary ရဲ့ ပြောကြားချက်အရ Yuki ဟာ gray wolf မျိုး ၈၇.၅%၊ Siberian Husky မျိုး ၈.၆% နဲ့ German Shepherd မျိုး ၃.၉% တို့ပါဝင် ပေါင်းစပ်ထားတာဖြစ်တယ်လို့ သိရပါတယ်။ အပြည်ပြည်ဆိုင်ရာ ဝံပုလွေ ဗဟို ဋ္ဌာန(International Wolf Center) ကတော့ Yuki လိုမျိုး ဝံပုလွေမျိုးစိတ်ရဲ့ သက်တမ်းဟာ အိမ်မွေးခွေးလိုပဲ အများ ဆုံး ၁၂နှစ်မှ ၁၄နှစ်အထိ ရှိနိုင်တယ်လို့ ပြောပါတယ်။

Shy Wolf Sanctuary ရှိ လုပ်အားပေးက Yuki နဲ့ အတူဓါတ်ပုံတွဲရိုက်ပြီး သူမရဲ့ Instagram အကောင့်မှာ တင် လိုက်ရာကစပြီး Yuki ရဲ့ပုံဟာ လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့သွားတာဖြစ်ပါတယ်။ စိတ်မကောင်းစရာတစ်ခုကတော့ Yuki ဟာ သွေးကင်ဆာရောဂါကို ခံစားနေရတဲ့အတွက် မျိုးပွားလို့ မရတော့တဲ့အပြင် သူနေရမယ့် အချိန်ကာလက သိပ် မကျန် တော့ဘူးလို့ သိရပါတယ်။

Source : Fox News

Leave a comment

Your email address will not be published. Required fields are marked *