မျှဝေမသုံးစွဲသင့်တဲ့ တစ်ကိုယ်ရည်သုံးပစ္စည်းများ

ငယ်ငယ်ကတည်းက မိသားစုအချင်းချင်း၊ သူငယ်ချင်းအချင်းချင်း ပစ္စည်းတွေကို မျှဝေသုံးစွဲဖူးကြမှာပါ။ ဒါပေမယ့် ပစ္စည်းအချို့ကို မျှဝေသုံးစွဲတာက ကျန်းမာရေးအတွက် ဆိုးကျိုးတွေ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဘယ်လိုပစ္စည်းတွေကို မျှဝေမသုံးစွဲသင့်ဘူးလဲဆိုတာကို လေ့လာကြည့်ကြရအောင်။

ဦးထုပ်

ဦးထုပ်ဆောင်းတဲ့အခါမှာ ဦးထုပ်ရဲ့အတွင်းပိုင်းမျက်နှာပြင်က ဦးရေပြားနဲ့ တိုက်ရိုက်ထိတွေ့ရတာကြောင့် တစ်ခြားသူတွေနဲ့ မျှဝေမသုံးစွဲသင့်ပါဘူး။

မျက်နှာလိမ်း Cream

မျက်နှာလိမ်း Cream တွေကို သုံးစွဲရင် လက်နဲ့တို့လိုက် မျက်နှာပေါ်တင်လိုက် ပြုလုပ်ကြရပါတယ်။ ကိုယ့်မျက်နှာအသားအရေနဲ့ တိုက်ရိုက်ထိတွေ့ရတာဖြစ်တာကြောင့် တစ်ခြားသူတွေနဲ့မျှဝေသုံးစွဲရင် မှိုကူးစက်ရောဂါေတွေနဲ့ အခြားအရေပြားပြ ဿနာတွေ ဖြစ်စေတာကြောင့် မျှဝေမသုံးစွဲသင့်ပါဘူး။

အတွင်းခံအဝတ်အစားများနဲ့ ခြေအိတ်များ

အတွင်းခံအဝတ်အစားများနဲ့ ခြေအိတ်တွေက အရေပြားနဲ့ တိုက်ရိုက်ထိတွေ့ရတာကြောင့် တစ်ခြားသူတွေနဲ့ မျှဝေသုံးစွဲမယ်ဆိုရင် အရေပြားကူးစက်ရောဂါတွေ ဖြစ်ပွားနိုင်တာကြောင့် မျှဝေမသုံးစွဲသင့်ပါဘူး။

သွားတိုက်တံ

သွားတိုက်တံကို တစ်ခြားသူတွေနဲ့ မျှဝေသုံးစွဲလိုက်မယ်ဆိုရင် တစ်ခြားသူတွေရဲ့ ခံတွင်းထဲကအညစ်အကြေးတွေက ကိုယ့်ခံတွင်းထဲကို ဝင်သွားနိုင်ပါတယ်။ ဒါ့အပြင် သွားနဲ့ခံတွင်းကျန်းမာရေးကိုလည်း ထိခိုက်နိုင်တာကြောင့် မျှဝေမသုံးစွဲသင့်ပါဘူး။

နားကြပ်

နားကြပ်ကို တစ်ခြားသူတွေနဲ့ မျှဝေသုံးစွဲမိရင် နားကြပ်မှာ ဘက်တီးရီးယားပိုးမွှားတွေ ကပ်ငြိလာတတ်ပြီး ကူးစက်ရောဂါတွေကို ဖြစ်ပွားစေနိုင်တာကြောင့် နားကြပ်ကိုလည်း မျှဝေမသုံးစွဲသင့်ပါဘူး။

Leave a comment

Your email address will not be published. Required fields are marked *