မြစ်ဝှမ်းတောင်ကြားတွင် ရဟတ်ယာဉ်ပျက်ကျပြီး ၃ဦးသေဆုံး၊ လေးဦးဒဏ်ရာရ

အမေရိကန်နိင်ငံတွင် ခရီးသွားဧည့်သည်တင် ရဟတ်ယာဉ်တစ်စီးဟာ တနင်္ဂနွေနေ့ညနေပိုင်းလောက်တွင် မြစ်ဝှမ်းတောင်ကြားမှာ ပျက်ကျခဲ့ပြီး လူသုံးဦးသေဆုံးခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်းကြားတာနဲ့ တစ်ပြိုင်နက် လူမှုကယ်ဆယ်ရေးအဖွဲ့မှ ကယ်ဆယ်ရေးကို ချက်ချင်းလုပ်ဆောင်ခဲ့ပါတယ်။ အဆိုပါ ရဟတ်ယာဉ်မှာ Papillon Airways ဥရောပရဟတ်ယာဉ် အမျိုးအစားဖြစ်ပြီး ခရီးသည်၇ဦး တင်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ ပျက်ကျတဲ့အချိန်မှာ ၅နာရီခွဲလောက်ကဖြစ်ပြီး ယခုအချိန်ထိပျက်ကျတဲ့ အကြောင်းရင်းကိုသေချာမသိသေးပါဘူး။

၎င်းခရီးသွား ကုမ္ပဏီဟာ အင်တာနက်စာမျက်နှာပေါ်မှာ “The World’s Largest Grand Canyon Sightseeing Company” ဟုလည်းကြေညာခဲ့ပါတယ်။ ခရီးသွားဧည့်သည်တစ်ယောက် အနေနဲ့ပေးဆောင်ရမယ့်ဈေးနှုန်းက ကန်ဒေါ်လာ ၁၀၉ကျပ်မှ ၂၂၄ဒေါ်လာထိ ရှိပါတယ်။ အထက်တန်းခရီးသွား တစ်ယောက်အနေနဲ့ကတော့ ကန်ဒေါ်လာ၅၅၄ကျပ် ပေးဆောင်နိုင်ပြီး ထမင်းတစ်နပ်နှင့် ကမ်းနားချောက်နားတွင် လမ်းလျှောက်ကြည့်ရှုနိုင်ခြင်းပါ ပါဝင်တာဖြစ်ပါတယ်။

ဤမြစ်ဝှမ်းတောင်ကြားနေရာကို West Rim လို့လူသိများပြီး ၂၀၀၇တွင် skywalk ဖွင့်လှစ်ပြီးတည်းက လူစည်ကားလာခဲ့ပါတယ်။ ရဟတ်ယာဉ်နဲ့ လေယာဉ်ပျက်ကျမှု အများဆုံးနေရာတစ်နေရာလည်းဖြစ်လာပြီး ၁၉၅၆ခုနှစ်တည်းမှ ယနေ့ထိလူပေါင်း ၁၂၈ယောက် သေဆုံးခဲ့တယ်လို့ မှတ်တမ်းများအရ သိရှိရပါတယ်။ အဆိုပါ ခရီးသွားကုမ္ပဏီကလည်း နောက်နောင်ဒီလိုမျိုး မဖြစ်အောင်ဆက်လက် ကြိုးပမ်းသွားမယ်လို့လည်း ပြောကြားခဲ့ပါတယ်။

Leave a comment

Your email address will not be published.