မြန်မာကာကွယ်ရေး ဦးစီးချုပ် နှင့် တရုတ်စစ်ဦးစီးချုပ်တို့ အပြန်အလှန် ကျေးဇူးတင်စကားပြော

မြန်မာကာကွယ်ရေးဦးစီးချုပ် ဗိုလ်မှူးကြီး မင်းအောင်လှိုင်နဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဗဟို စစ်ကော်မရှင်အဖွဲ့ဝင်နဲ့ ပူးတွဲစစ်ဦးစီးဌာန စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Li Zuocheng တို့တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

ကာကွယ်ရေးဦးစီးချုပ် ဗိုလ်မှူးကြီး မင်းအောင်လှိုင်က တရုတ်နိုင်ငံသို့သွားရောက်တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး၊ တွေ့ဆုံပွဲတွင် ကာချုပ်ကြီးက မြန်မာနိုင်ငံရှိ ရခိုင်ပြည်အရေးတွင် တရုတ်နိုင်ငံက မြန်မာဘက်ကို ထောက်ခံပေးခဲ့တဲ့အတွက် အထူးကျေးဇူးတင်ကြောင်း ကျေးဇူးတင်စကားသွားရောက်ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

မြန်မာနှင့်တရုတ် တပ်မတော်နှစ်ရပ်အကြား လေ့ကျင့်ရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် အားကစားတို့ကို ပူးပေါင်းဆောင်ရွက်ဖို့၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ နှစ်နိုင်ငံနယ်စပ် အေးချမ်းတည်ငြိမ်ရန် ပူးပေါင်းဆောင်ရွက်ရေး၊ တပ်မတော် ယဉ်ကျေးမှုအဖွဲ့တွေ အပြန်အလှန်စေလွှတ်ရေး စတဲ့ကဏ္ဍရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။

ထို့အပြင် တရုတ်စစ်ဦးစီးချုပ်ကလဲ မြန်မာနိုင်ငံပြည်တွင်း ငြိမ်းချမ်းရေး ၊သဘာဝဘေးအန္တရာယ်ကျရောက်ချိန် ကူညီထောက်ပံ့ရေးတွေကို ဆက်လက်လုပ်ဆောင်ပေးသွားမယ်လို့ပြောခဲ့ပြီး ၊တောင်တရုတ်ပင်လယ်အရေးတွင် မြန်မာနိုင်ငံက တရုတ်နိုင်ငံဘက်ရပ်တည်ပေးခဲ့တာအတွက်လဲ အထူးကျေးဇူးတင်ကြောင်း ပြန်လည်ပြောကြားခဲ့ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *