မြန်မာနိုင်ငံတက္ကသိုလ်များရဲ့ website အသုံးချမှု အဆင့်တွေကို သိရင် သင်အံ့သြနေမလား

သတင်းနည်းပညာခေတ်ကြီးမှာ World Wide Web လို့ သိထားကြတဲ့ www ကိုတော့ အင်တာ နက်အသုံးပြုပြီး ပညာ ကို ရှာဖွေစုဆောင်းနေကြသူတိုင်းသိကြပါတယ်။ မိမိတို့ သင်ယူဆည်းပူးလိုသမျှ အသိပညာ၊အတတ်ပညာတွေကို အင် တာနက်အဆက်အသွယ်ကတဆင့် www ထဲမှာ အချိန်မရွေးရှာဖွေနိုင်တဲ့အတွက် ဒီ World Wide Web ဟာ ကမ္ဘာ့သတင်းအချက်အလက်နဲ့ပညာရွာကြီးဖြစ်ပါတယ်။
ကမ္ဘာပေါ်က တက္ကသိုလ်ကြီးတွေဟာ ဒီအခွင့်အလမ်းကို အမိအရဖမ်းဆုပ်ပြီး သူတို့တက္ကသိုလ်ရဲ့ သိပ္ပံ၊ သုတေ သနတွေနဲ့ သတင်းအချက်အလက်တွေ၊ စဉ်ဆက်မပြတ်ကြိုးပမ်းချက်တွေကို ကမ္ဘာအနှံ့က သိရှိစေဖို့ အပြိုင်အဆိုင် ကြိုးစားဆောင်ရွက်နေကြပါတယ်။ဒါကို Webometrics ဒါမှမဟုတ် Cybermetrics လို့ သုံးနှုန်းကြပါတယ်။ ဒီလို Webometrics နည်းပညာကို အသုံးပြုကြတဲ့ ကမ္ဘာပေါ်က တက္ကသိုလ်တွေရဲ့အဆင့်တွေကို သုတေသန မှတ် တမ်းပြုစုပြီး ကမ္ဘာကို ထုတ်ပြန်ပေးနေတဲ့ အဖွဲ့အစည်းတစ်ခုကတော့ စပိန်နိုင်ငံ မက်ဒရစ်မှာရှိတဲ့ Spanish National Research Council(CSIC) ပဲဖြစ်ပါတယ်။

ဒီကောင်စီဟာ နှစ်စဉ် ကမ္ဘာ့တက္ကသိုလ်တွေရဲ့ Webometrics Ranking ကို ထုတ်ပြန်ပေးပါတယ်။ ဒီနှစ် အတွက် ထုတ်ပြန်လိုက်တဲ့ စာရင်းအရ ကမ္ဘာကျော် ဟားဘတ်တက္ကသိုလ်ကြီးကတော့ နံပါတ်တစ်နဲ့ ဗိုလ်စွဲခဲ့ပြီး လန်ဒန်က အောက်စဖို့ဒ်ကတော့ အဆင့်လေး သတ်မှတ်ခံခဲ့ရပါတယ်။အာရှရဲ့နံပါတ်တစ်ကတော့ တရုတ်နိုင်ငံက Tsinghua University ဖြစ်ပြီး ဒုတိယကတော့ ဟောင်ကောင်တက္ကသိုလ်ပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံတက္ကသိုလ် တွေရဲ့အဆင့်သတ်မှတ်ချက်တွေကိုဖေါ်ပြလိုက်ရင်တော့သင်အံ့သြသွားမယ်ထင်ပါတယ်။
မြန်မာနိုင်ငံရဲ့ နံပါတ်တစ်ဖြစ်တဲ့ ရန်ကုန်တက္ကသိုလ်ကြီးက ကမ္ဘာ့အဆင့်မှာ ၈၅၀၉ အဆင့်ရှိပြီး၊အာရှ အဆင့်မှာ ၃၁၈၈ ရှိကာ အာဆီယံတက္ကသိုလ်တွေထဲမှာတော့ ၄၃၂ အဆင့်မှာရှိပါတယ်။ နိုင်ငံရဲ့ နံပါတ်တစ် တက္ကသိုလ် ကြီးတောင် ဒီအဆင့်ရှိတယ်ဆိုရင်တော့ ကျန်တက္ကသိုလ်တွေဆိုတာ ဘယ်လိုနေ မလဲဆိုတာ စဉ်းစား ကြည့်နိုင် ပါတယ်။
တကယ်စဉ်းစားကြည့်မယ်ဆိုရင် ဒီအဆင့်သတ်မှတ်ချက်ဟာ လက်တွေ့နဲ့ အတော်နီးစပ်တယ်လို့ ဆိုနိုင်ပါတယ်။ ဘာ ကြောင့်လဲဆိုတော့ ကမ္ဘာ့အဆင့်မြင့်တက္ကသိုလ်ကြီးတွေက ကျောင်းပြီးလာတဲ့ ကျောင်းသားတစ်ယောက်ဟာ တစ် နှစ်ဝင်ငွေ ဒေါ်လာတစ်သိန်းနီးပါးရှိပေမယ့် ဒီက သာမန်ဘွဲ့တစ်ယောက်ရနိုင်တဲ့ လစာဟာ ဒေါ်လာ ၂၀၀ အောက်ပဲ ရှိတဲ့အတွက် တစ်နှစ်ဝင်ငွေ ဒေါ်လာ ၃၀၀၀ ပြည်ဖို့ တောင်မလွယ်ပါဘူး။

Weblometrics Ranking World’s First Harvard University

အာဆီယံထဲမှာတော့ အရှေ့တီမောက ကမ္ဘာ့အဆင့် ၁၈၈၅၀ နဲ့ အနိမ့်ဆုံးဖြစ်ပြီး မြန်မာက ဒုတိယ အနိမ့်ဆုံး ဖြစ် ပါတယ်။ စင်ကာပူအမျိုးသားတက္ကသိုလ်က ကမ္ဘာ့အဆင့် ၅၇ နဲ့ အာရှအဆင့် ၄ ရှိပြီးအာဆီယံရဲ့ နံပါတ်တစ် အဆင့်ရှိခဲ့ပါတယ်။ မြန်မာ တွေ အထင်သေးလှတဲ့ ထိုင်းမှ Chulalongkorn တက္ကသိုလ်ကတော့ ကမ္ဘာ့အဆင့် ၄၉၀နဲ့ အာဆီယံရဲ့ စတုတ္ထဆင့် ရှိပါတယ်။

Asia First Tsinhua Usiversity,China

ဒါဆိုရင် အာဆီယံထဲကို နောက်မှရောက်လာတဲ့ လေးနိုင်ငံဖြစ်တဲ့ CLMV ထဲမှာ ကျန်နိုင်ငံတွေကကော ဘယ်လို ရှိမလဲ သိချင်ကြပါလိမ့်မယ်။ မြန်မာထက်နိမ့်မယ်လို့ထင်ကြတဲ့ လာအိုအမျိုးသားတက္ကသိုလ်ရဲ့ website အသုံးပြုမှု ဟာ ကမ္ဘာ့အဆင့် ၄၃၄၇ ရှိပြီး အာဆီယံမှာတော့ အဆင့် ၁၅၁ ရှိပါတယ်။ တစ်ရှိန်ထိုးတိုးတက်လာနေတဲ့ ဗီယက်နမ်နိုင်ငံရဲ့ ဟနွိုင်းအမျိုးသားတက္ကသိုလ်ကတော့ ကမ္ဘာ့အဆင့် ၁၀၉၀ ရှိပြီး အာဆီယံမှာတော့ အဆင့် ၁၉ ရှိပါတယ်။ ကမ္ဘောဒီယား တော်ဝင်စိုက်ပျိုးရေးတက္ကသိုလ်ကြီးကတော့ ကမ္ဘာ့အဆင့် ၆၀၁၉ နဲ့ အာဆီယံအဆင့် ၂၅၈ သတ်မှတ်ခံခဲ့ရပါတယ်။

ဘယ်လိုပဲပြောပြော မြန်မာတွေအင်တာနက်အသုံးပြုပြီး ပညာရှာဖွေတာတွေနည်းနေသေးသလို နိုင်ငံမှာ အရေးပါဆုံး ဖြစ်တဲ့ ပညာရဲ့ အရင်းအမြစ်ဋ္ဌာနကြီးတွေဖြစ်တဲ့ တက္ကသိုလ်တွေမှာ website အသုံးပြုမှု အားနည်းတာတွေ၊ သုတေသနတွေအားနည်းတာတွေ၊ ရှိနေတဲ့ website တွေကို Update လုပ်ပြီး ပညာဖြန့်ဝေပေးနေမှု အားနည်းနေ သေးတာတွေကတော့ ငြင်းမရတဲ့ အားနည်းချက်ဖြစ်ပါတယ်။ ဒါတွေကို ခေတ်နဲ့ ညီအောင် အလျင်အမြန် မပြုပြင်နိုင်ဘူး ဆိုရင် နောင်အနာဂတ်မျိုးဆက်တွေ ကမ္ဘာ့အလယ်မှာ မျက်နှာပြဖို့ ခက်ခဲလာပါလိမ့်မယ်။

ASEAN’s First NUS,Singapore

ကဲ၊Weblometrics Ranking အရ မြန်မာနိုင်ငံက တက္ကသိုလ်တွေ ဘယ်အဆင့်ရှိသလဲဆိုတာ လေ့လာနိုင်ဖို့ ဖေါ်ပြပေးလိုက်ပါတယ်။ တစ်ခုတော့ ကြိုတင် မေတ္တာရပ်ခံပါရစေ။ တလောက ရန်ကုန်နဲ့ မန္တလေးမြို့တော်ဝန်တွေ ပြိုင်ကြသလို ကိုယ့်အချင်း တိုက်ပွဲမဝင်ကြပါနဲ့။ခေတ်မီမီကမ္ဘာကို မျှော်ကြည့်ကြပါလို့ပဲ တိုက်တွန်းချင်ပါတယ်။ တဆက် တည်းမှာပဲ အုပ်ချုပ်သူ တွေ အနေနဲ့လည်းပညာကသာ အရာအားလုံးရဲ့ အကြောင်းရင်းဆိုတာ သဘောပေါက် နားလည် ပြီး ပညာရေးနိမ့်ကျမှု ရောဂါဆိုးကြီးကို အလျင်အမြန်ဆုံးကုစားနိုင်ကြပါစေလို့ ဆန္ဒပြုရေးသားလိုက်ပါတယ်။

Source:Weblometric Ranking 2019

Leave a comment

Your email address will not be published. Required fields are marked *