မြန်မာနိုင်ငံနှင့်ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအရေးတွင် ပြင်ပနိုင်ငံများ ဝင်မပါရန် တရုတ်နိုင်ငံတိုက်တွန်း

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာနမှပြောခွင့်ရှိသူ Hua Chunying သည် မြန်မာနိုင်ငံနှင့်ဘင်္ဂလားဒေ့ရှ် တို့ကြားရှိ ပြဿနာတွေကို သူတို့ဘာသာဖြေရှင်းနေခြင်းကို ပြင်ပနိုင်ငံများအနေနဲ့ ရှုပ်ထွေးအောင်လုပ်နေမည့်အစား လိုအပ်တာတွေကို ကူညီပေးဖို့ တိုက်တွန်းခဲ့ပါတယ်။

ရခိုင်ပြည်နယ်အတွင်းရှိ ၆၃၀,၀၀၀ကျော် ရိုဟင်ဂျာများ ထွက်ပြေးခဲ့ရခြင်းသည် မြန်မာပြည်တွင်းအရေးသာဖြစ်ပြီး ရှုပ်ထွေးနက်နဲတဲ့ သမိုင်းကြောင်း ၊ဘာသာရေး နှင့် အမျိုးသားရေးများပါဝင်နေကြောင်း Hua Chunyingက  ဒီဇင်ဘာလ ၂၁ရက်တွင် ပြောဆိုခဲ့ကြောင်း ဝါရှင်တန်ပို့စ်မှာ ဖော်ပြခဲ့ပါတယ်။

“ဘင်္ဂါလီတို့၏ အနာဂတ်အတွက် မြန်မာနှင့်ဘင်္ဂလားဒေ့ရှ်တို့ ဖြေရှင်းနေခြင်းကို နိုင်ငံတကာအတိုင်းဝိုင်းများအနေနဲ့ ဝင်ရောက်ပြီး ရှုပ်ထွေးမှုတွေဖြစ်အောင်မလုပ်ပဲနဲ့ လိုအပ်နေတာတွေနဲ့ အကျိူးရှိမယ့်အကူညီတွေကို ပေးသင့်တယ်လို့ ကျွန်မထင်တယ်”လို့ Hua Chunying က သတင်းစာရှင်းလင်းပွဲတစ်ခုမှာပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံအစိုးရက ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် ယန်ဟီးလီကို မြန်မာနိုင်ငံတွင်းသို့ ဝင်ခွင့်ပိတ်ပင်ခဲ့ပြီးနောက်မှာ တရုတ်က ယခုလိုမျိူး တိုက်တွန်းခဲ့တာလဲဖြစ်ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *