မြန်မာနိုင်ငံ အတွက် လိုအပ်နေတဲ့ လျှပ်စစ်ဓာတ်အားကို လာအိုကနေ ဝယ်ယူတော့မည်

မြန်မာနိုင်ငံမှာ လျှပ်စစ်ဓာတ်အား လိုအပ်မှုဟာ နှစ်စဉ်တိုးများလာပါတယ်။ ဒါကြောင့် ပြည်တွင်းမှာ လိုအပ်တဲ့ လျှပ်စစ်ဓာတ်အားတွေကို ဖြည့်နိုင်ဖို့ လာအိုမှ ဝယ်ယူသုံးစွဲရန် ကနဦး အဆိုပြုချက်တွေကို အသေးစိတ်ဆွေးနွေးနေကြောင်းနှင့် စီမံကိန်းဖြစ် မဖြစ်အတွက် နှစ်ဦး နှစ်ဖက် နားလည်မှု စာချွန်လွှာမှာ လက်မှတ်ရေးထိုးတော့မှာ ဖြစ်ကြောင်းကို လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးအောင်၏ ပြောပြချက်အရသိရပါတယ်။

မြန်မာနိုင်ငံ၏ ဓာတ်အားလိုအပ်မှုဟာ တစ်နှစ်ထပ် တစ်နှစ် တိုးလာပြီး ၂၀၁၈မှာ အမြင့်ဆုံး ဓာတ်အားလိုအပ်ချက်အနေနဲ့ မဂ္ဂါဝပ် ၃၅၀၀ ကျော်အထိရှိနေပါတယ်။ နယ်စပ်ရှိမြို့တွေမှာ ထိုင်းနိုင်ငံမှ လျှပ်စစ်ဓာတ်အားကို ဝယ်ယူသုံးစွဲနေရတာတွေရှိနေပြီး ထားဝယ်၊ ရခိုင် စတဲ့နေရာတွေမှ ဒေသခံတွေဟာ လျှပ်စစ်ဓာတ်အား တစ်ယူနစ်ကို ငွေကျပ် ၂၀၀ ကျော်အထိ ပေးဝယ်နေရပါတယ်။

အခုလို မြန်မာနိုင်ငံအတွက် လိုအပ်နေတဲ့ လျှပ်စစ်ဓာတ်အား ဝယ်ယူမှုကိစ္စမှာ လာအိုအပြင် အိန္ဒိယနဲ့ ထိုင်းအစိုးရတို့ နှင့်လည်း နားလည်မှု စာချွန်လက်မှတ် ရေးထိုးထားတယ်လို့သိရပါတယ်။ အခုလိုဝယ်ယူမှုတွေ ရှိနေသော်လည်း နောက်ငါးနှစ်အတွင်း ပြည်တွင်း လျှပ်စစ်ဓာတ်အားလိုအပ်ချက်တွေကို ပြည့်မှီစေမယ့် စီမံကိန်းတွေကို စီစဉ်းထားပြီးပြီ ဖြစ်တယ်လို့ ဦးစိုးအောင်ကပြောပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *