မြန်မာပလာဇာနောက်ကွယ်က ဗီယက်နမ်စီးပွားရေးကျား

ရှေးဟောင်းမြို့တော်တစ်ခုလို ဟောင်းနွမ်းစုတ်ပြတ်နေတဲ့ ရန်ကုန်မြို့တော်ကို မကြာခင်နှစ်ကာလကစပြီး ခေတ်မီမြို့တော် အသွင်ကို စုတ်ချက်တင်ကာ အလှဆင်ခဲ့တဲ့ အဆောက်အဦးတစ်ခုကတော့ မြန်မာပလာဇာလို့ လူသိများတဲ့ နိုင်ငံတကာ အဆင့်မီ ဈေးဝယ်စင်တာကြီးပဲဖြစ်ပါတယ်။ ရန်ကုန်သူရန်ကုန်သားတွေအတွက် မြန်မာ ပလာဇာမှမရောက်ဖူးရင်တော့ ခေတ်မီတယ်လို့တောင်မဆိုနိုင်သလို နယ်ကတက်လာတဲ့ လူတွေ အတွက်လည်း မြန်မာပလာဇာက မဖြစ်မ နေသွား လည်ဖို့ ဆွဲဆောင်တဲ့ နေရာတစ်ခုဖြစ်လာပါပြီ။ကျယ်ဝန်းလှတဲ့ မြန်မာပလာဇာ ဝင်းကြီးရဲ့ ဆွဲဆောင်မှု ကို သာယာ လှပတဲ့ အင်းလျာရှုခင်းနဲ့ ဖြောင့်တန်းလှတဲ့ ကမ္ဘာအေးဘုရား လမ်းမကြီးက ထပ်လောင်းပြီး အားဖြည့် ပေး နေပြန်ပါတယ်။
တကယ်တော့ မြန်မာ့မြေပေါ်မှာ တည်ရှိနေလို့သာ မြန်မာပလာဇာလို့ မှည့်ခေါ်ပေမယ့် ဒီနေရာမှာရှိတဲ့ မြန်မာ ပလာ ဇာအပါအဝင် စီးပွားရေးလုပ်ငန်းစုတွေဖြစ်ကြတဲ့ Myanmar Centre Tower၊Myanmar Certre၊ The Lakesuits တစ်ခုလုံးဟာ ဗီယက်နမ်စီးပွားရေးလုပ်ငန်းစုကြီးဖြစ်တဲ့ HOANG ANH GIA LAI (HAGL) GROUP ရဲ့ ရင်းနှီး မြှပ်နှံမှုတစ်ခုဖြစ်ကြောင်း လူတိုင်းနီးပါးလောက်သိကြမယ်ထင်ပါတယ်။ ဒါပေမယ့် လူအများ စုက ဒီလုပ်ငန်း စုကြီး တစ်ခုလုံးကို အောင်မြင်ဖြစ်ထွန်းအောင်ကြိုးစားဆောင်ရွက်ခဲ့တဲ့ ဗီယက်နမ်စီးပွားရေး ကျားလို့ တင်စားနိုင်သလို့ ကမ္ဘာ ကျော် Forbes မဂ္ဂဇင်းကြီးမှာ Condo Boss လို့တင်စားခံခဲ့ရတဲ့ HAGL တည်ထောင်သူ Doan Nguyen Duc အကြောင်းကိုတော့ သိကြတဲ့လူနည်းပါလိမ့်မယ်။
မွေးကတည်းက ချမ်းသာတဲ့သူလား
လူအများစုကတော့ လူတစ်ဦးတစ်ယောက်ချမ်းသာကြွယ်ဝတာဟာ ငွေကြောင့်လို့ထင်တတ်ကြတဲ့အတွက် ငါ့မှာ သာငွေ ရှိရင် ဘာလုပ်မယ်၊ညာလုပ်မယ်ဆိုပြီးပြောတတ်ကြပါတယ်။ တကယ်တော့ လူတွေချမ်းသာ ကြွယ်၀ တာဟာ သူတို့ရဲ့ အကြံဉာဏ်၊စိတ်ကူးစိတ်သန်းနဲ့ပဲဆိုင်ပါတယ်။ ဒီလောက်ကြီးကျယ်တဲ့ အရင်းအနှီးကို ပိုင်ဆိုင်ခဲ့တဲ့ Mr.Doan ဟာ တက္ကသိုလ်ဝင်စာမေးပွဲမအောင်ခဲ့ပါဘူး။ ၁၉၉၀ ခုနှစ်မှာ သူ့ဒေသ Pleiku မှာ HAGL (Hoang Anh Gia Lai) ပရိဘောအလုပ်ရုံလေးကိုစလုပ်ခဲ့ပါတယ်။ Hoang Anh က သူ့သမီးနာမည်ဖြစ်ပြီး နောက်က Gia Lai ကတော့ သူ့ရဲ့ တောင်ကုန်းပေါ်က အိမ်မက်စံအိမ်ပဲဖြစ်ပါတယ်။
နောက်ပိုင်းမှာတော့ သတ္တုတူးဖော်ခြင်း၊ သစ်လုပ်ငန်း၊ အိမ်ခြံမြေ လုပ်ငန်း၊စိုက်ပျိုးမွေးမြူရေး လုပ်ငန်း တွေနဲ့ ချမ်း သာ ကြွယ်ဝလာခဲ့သူဖြစ်ပါတယ်။ခုနေခါတော့ ကုမ္ပဏီကြီးငါးခုရဲ့ ဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင် နေ ပြီး ဝန်ထမ်းပေါင်း တစ်သောင်းနီးပါးရှိတယ်လို့သိရပါတယ်။
HAGL အုပ်စုဟာ မြန်မာနိုင်ငံသာမကပါဘူး၊လာအို၊ကမ္ဘောဒီးယားနဲ့ ထိုင်းနိုင်ငံတွေအထိ ဒေါ်လာ သန်းပေါင်း များစွာ ရင်းနှီးမြှပ်နှံနိုင်တဲ့ လုပ်ငန်းစုတစ်ခုဖြစ်ပါတယ်။၂၀၁၁ ခုနှစ်မှာ Wall Street Journal က အရှေ့တောင်အာရှရဲ့ သြဇာအရှိဆုံးစီးပွားရေးလုပ်ငန်းရှင်ထဲမှာ အဆင့်၂၉ သတ်မှတ်ခြင်းကို ခံခဲ့ရပါတယ်။Mr. Doan ဟာ ဗီယက်နမ် လီးခ် ထဲက HAGL ဘော်လုံးကလပ်ပိုင်ရှင်လည်းဖြစ်ပါတယ်။သူ့ရဲ့ ငယ်ဘ၀ စိတ်ကူး မျှော်လင့်ချက်ကတော့ ကိုယ် ပိုင်ဂျက်လေယာဉ်စီးနိုင်ဖို့ပါပဲ။ ၂၀၀၈ခုနှစ်ကတည်းက ဒေါ်လာ ၇.၅ သန်း တန်တဲ့ Beechcraft King Air 350 ကို ဝယ်စီးနိုင်ခဲ့ပြီမို့ နေခါမှာတော့ ဒေသတစ်ခွင် ကိုယ်ပိုင်ဂျက်နဲ့ ခရီးနှင်နိုင်သူဖြစ်သလို သူ့ရဲ့ ငယ်ဘ၀ စိတ်ကူး အိမ်မက် ကိုလည်း အကောင်အထည်ဖေါ်နိုင်ခဲ့ပြီဖြစ်ပါတယ်။ သားသမီးသုံးဦးနဲ့ဇနီးသည်တို့ကတော့ ကလေး ပညာရေး အကြောင်း ပြချက်နဲ့ စင်္ကာပူမှာပဲနေထိုင်တယ်လို့ Forbes ဆောင်းပါး တစ်ပုဒ်အရ သိရပါတယ်။ ၂၀၁၈ခုနှ စ်စက် တင်္ဘာလ မှာ Forbes မဂ္ဂဇင်းကြီးက ဗီယက်နမ်ရဲ့ ပဉ္စမမြောက် အချမ်းသာဆုံ အဖြစ် သတ်မှတ်ဖေါ်ပြခဲ့ပါတယ်။
လွန်ခဲ့တဲ့ ဆယ်နှစ်နီးပါးကာလ၊၂၀၀၉ခုနှစ် သူ့အသက် ၄၇ နှစ်အရွယ်မှာ ပြောခဲ့တဲ့စကားလေးကို ပြန်လည် တင်ပြ ရင်းနဲ့ အဆုံးသတ်ချင်ပါတယ်။
‘’လွန်ခဲ့တဲ့ငါးနှစ်တုန်းက ဗီယက်နမ်မှာ ကိုယ်ပိုင်လေယာဉ်ဝယ်စီးသူမရှိခဲ့ပါဘူး။အခုဝယ်နိုင်တယ်ဆိုတာ ကျွန် တော် သက်သေ ပြခဲ့ပြီ။ ကျွန်တော် ကုဋေကြွယ်လူချမ်းသာတစ်ယောက်ဖြစ်ချင်တယ်။ ကျွန်တော် လုပ် နိုင်တယ် ဆိုတာကို သက်သေပြဦးမယ်” ပြောခဲ့ပါတယ်။ ခုတော့ သူ့ရဲ့ ဒုတိယမြောက်ရည်မှန်း ချက်ဖြစ်တဲ့ ကုဋေကြွယ် သူဋ္ဌေး တစ်ဦးဖြစ် လာခဲ့ပါပြီ။သူကား ပြောတဲ့အတိုင်းဖြစ်အောင်လုပ်နိုင်သူ၊စွန့်ဦးထွင်လုပ်ငန်းရှင်၊ HAGL Group ရဲ့ ခေါင်းဆောင်ဖြစ် တဲ့အပြင် မြန်မာပလာဇာနောက်ကွယ်က ဗီယက်နမ်စီးပွားရေးကျား ဟုပင် တင်စားလိုက်ချင်ပါ၏။

Leave a comment

Your email address will not be published. Required fields are marked *