မြန်မာမှန်လျှင် ဆန်ပို့ကုန်အကြောင်းသိသင့်

မြန်မာနဲ့ ဆန်ဆိုတာ အတိတ်ကာလကတည်းက ခွဲခြားမရတဲ့ ပြည့်ရတနာတစ်ပါးလို့တောင်ဆိုရမှာပါ။ နိုင်ငံတစ်ဝန်း ဘယ်နေရာပဲရောက်ရောက် တမျှော်တခေါ် လယ်ကွင်းပြင်ကြီးတွေကို တွေ့မြင် ကြရမှာ ဖြစ်ပါတယ်။ဒါ့အပြင် ဆန်လို့ ပြောလိုက်တာနဲ့ မြန်မာတို့ရဲ့ ပို့ကုန်ဆိုတာကို ကွင်းကနဲမြင်နိုင် ပါတယ်။ ဒါကြောင့်လည်း မြန်မာမှန်ရင် ဆန် ပို့ကုန် အကြောင်းတော့ သိထားသင့်တယ်ထင်ပါတယ်။
ကုန်သွယ်ရေးဝန်ကြီးဋ္ဌာနရဲ့ မတ်လ ၉ ရက်နေ့ ထုတ်ပြန်တဲ့သတင်းအရ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်မှာ ဆန်နဲ့ ဆန်ခွဲ တင်ပို့မှုက ရတဲ့ငွေဟာ ဒေါ်လာ ၁ ဘီလီယံကျော်ရှိတယ်လို့ သိရ ပါတယ်။ နိုင်ငံပေါင်း ၅၇ နိုင်ငံကို တင်ပို့ခဲ့တာ ဖြစ်ပါ တယ်။ နယ်စပ်က တင်ပို့မှုကနေ ဒေါ်လာ ၅၇၈သန်း ရရှိခဲ့ပြီး ပင်လယ်ရေကြောင်း တင်ပို့မှုကနေ ဒေါ်လာ ၄၇၇ သန်း ရရှိခဲ့တာဖြစ်ပါတယ်။ တင်ပို့မှုအားလုံးရဲ့ ၆၀%လောက်က အာဖရိကတိုင်းပြည်တွေ ဖြစ်ပါ တယ်။ အရည်အသွေး မြင့်ဆန်တွေကို ဥရောပနိုင်ငံတွေဆီတင်ပို့ပြီး ၂၅မှတ် အရည်အသွေးနိမ့် ဆန်တွေကိုတော့ အာဖရိကနိုင်ငံတွေဆီ တင်ပို့ပါတယ်။မတ်လ ၆ ရက်နေ့က နေပြည်တော်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ မြန်မာဆန်စပါးကဏ္ဍတိုးတက်ရေးဆွေး နွေးပွဲမှာ ထုတ်ပြန်ခဲ့တဲ့သတင်းအရ ၃ နှစ် အတွင်း ဆန်တန်ချိန် ၄ သန်းကျော် တင်ပို့နိုင်ခဲ့ပြီး ဝင်ငွေ ဒေါ်လာ ၁.၅ ဘီလီယံ ရရှိခဲ့တယ် လို့သိရပါတယ်။ လွတ်လပ်ရေးမရခင်နဲ့ ရပြီး ၁၉၅၆၊၁၉၅၇၊၁၉၅၉ နဲ့ ၁၉၆၀ ခုနှစ်တွေမှာတော့ ဆန်တန်ချိန်၁သန်းခန့်တင်ပို့နိုင်ခဲ့ပါတယ်။
မြန်မာဆန်တွေကို အဓိကဝယ်ယူတဲ့ဖေါက်သည်နိုင်ငံတွေကတော့ တရုတ်၊ဘင်္ဂလားဒေရှ့်၊ အိုင်ဗရီကို့စ်၊ ဘယ်လဂျီယံ၊ ဂါနာ၊မဒါ၈တ်စကာ၊ သီရိလင်္ကာ၊အာဖဂန်နစ္စတန်၊ဆီနီဂေါ နဲ့ ပိုလန်နိုင်ငံ တို့ပဲ ဖြစ်ကြပါတယ်။ ယခင်က ၇၀% လောက်ကို တရုတ်ကဝယ်ယူခဲ့ပေမယ့် ယခုအခါမှာ ပင်လယ်ရေကြောင်းက တင်ပို့ရောင်းချတဲ့ ဈေးကွက်သစ်တွေ ပိုမိုရရှိလာပါပြီ။ပို့ကုန်နည်းလို့ ဆင်းရဲတဲ့ မြန်မာပြည်ကြီး များမကြာခင် ပြည်သူတွေ အကြွေးတွင်းက လွတ်နိုင်မယ်လို့ မျှော်လင့် ပါတယ်။

ကိုးကား။UkrAgroConsult

Leave a comment

Your email address will not be published.