မြန်မာ့ငွေစက္ကူများတွင် ဗိုလ်ချုပ်အောင်ဆန်းပုံ ထည့်သွင်းရန်အဆိုအတည်ပြု

နိုဝင်ဘာ ၁၇ရက်နေ့တွင် ကျင့်ပခဲ့သော ပြည်သူ့လွှတ်တော်တွင် အသစ်ရိုက်ထုတ်မည့် ငွေစက္ကူများ၌ ဗိုလ်ချုပ်အောင်ဆန်းပုံ ထည့်သွင်းရေးအဆိုကိုအတည်ပြုလိုက်ပါသည်။

ဒီအဆိုကို မြိုင်မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စလှယ် ဦးအောင်ခင်ဝင်းက တင်သွင်းခဲ့တာဖြစ်ပြီး မဲခွဲဆုံးဖြတ်ရာတွင် တပ်မတော်သားလွှတ်တော်ကိုယ်စလှယ်များက မတ်တတ်ရပ် ကန့်ကွက်ခဲ့ကြပါသည်။သို့သော် အဆုံးမှာတော့ ထောက်ခံမဲ (၂၈၆)မဲ၊ကန့်ကွက်မဲ (၁၀၉)မဲ နှင့်အဆိုကို လွှတ်တော်ကအတည်ပြုခဲ့ပါတယ်လို့ စတုတ္ထရာမဲဆန္ဒနယ်က လွှတ်တော်ကိုယ်စလှယ် ဦးကျော်အောင်လွင်က ပြောပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *