မြန်မာ့ရုပ်ရှင်တစ်ခေတ် ဆန်းသစ်လာစေတဲ့ မုဒြာရဲ့ခေါ်သံ

ဥပါယ်တံမျဉ်နဲ့ ပရိတ်သတ်အာရုံစိုက်ခံခဲ့ရတဲ့ ဇဏ်ခီ ( Zenn Kyi)နဲ့ ခရစ်စတီးနားခီ Kristina Kyi တို့ဇနီးမောင်နှံ မုဒြာရဲ့ခေါ်သံ မှာတော့ ပရိတ်သတ်တွေကို ဆွဲခေါ်နေတဲ့အလား တိုးကျိတ်အားပေးနေကြတာကို တွေ့နေရပါတယ်။ ပထမကား ဥပါယ်တံမျဉ်တုန်းက ထုတ်လုပ်သူရှိခဲ့ပေမယ့် မုဒြာကတော့ သူတို့နှစ်ဦး အခက်အခဲပေါင်းများစွာထဲက ယုံကြည်ချက်အပြည့်နဲ့ ကြိုးစားလုပ်ဆောင်ခဲ့တဲ့ ဒုတိယမြောက်ကားလည်းဖြစ်ပါတယ်။ ဒီအချိန်မှာ နိမ့်ကျနေတဲ့ မြန်မာ့ရုပ်ရှင်ကို မြှင့်တင်လိုက်သလိုလည်းဖြစ်သွားခဲ့ပါတယ်။ ဇဏ်ခီကတော့ တစ်ခေတ်တစ်ခါက အေဝမ်းလိုဖြစ်လာဖို့ ကြိုးစားနေတယ်လို့ဆိုပါတယ်။ အရင်က မြန်မာကားဆိုရင် လုံးဝကို အထင်မကြီးသူ ပရိတ်သတ်တွေတောင် သတင်း တွေကြောင့် အတင်းထပြီး သွားကြည့်နေကြပါပြီ။ ဇဏ်ခီရဲ့ အိမ်မက်က ဘယ်လောက်တောင် ကမ္ဘာကြည့်ကြည့်သလဲ ဆိုရင် နိုင်ငံတကာ အသိအမှတ်ပြု မြန်မာရုပ်ရှင် သရုပ်ဆောင်ဖြစ်ဖို့ပါတဲ့ဗျာ။ခုတော့ နိုင်ငံတကာရုပ်ရှင် ပွဲတော်တွေ မှာ ဆုတွေချိတ်ခဲ့ပါပြီ။
၂၀၁၇ ခုနှစ် ရုပ်ရှင်ထူးချွန်ဆုပေးတဲ့နေ့က လူမှုကွန်ရက်ပေါ်တက်လာခဲ့တဲ့ ခီတို့စုံတွဲအတွက် စိတ်မသက်သာစရာ သတင်းတွေကြောင့်လည်း ပရိတ်သတ်ကြီးဆီက မေတ္တာကို ပိုရသွားတယ်လို့ ထင်ပါတယ်။ ထိုနေ့က ရုပ်ရှင်လောကသားတွေရဲ့ အသိအမှတ်ပြုမှုကို မခံရရှာတဲ့ ဖေ့စ်ဘုတ်သတင်းတွေကြောင့် ခီးတို့ပူးပေါင်းဖန်တီးခဲ့တဲ့ မုဒြာရဲ့ခေါ်သံ ဟာလည်း ပိုပြီးလူသိများလာခဲ့ပါတယ်။
တကယ်တော့ ခီမောင်နှံက ငယ်ပေမယ့် ခေသူတွေတော့မဟုတ်ကြပါဘူး။ အမေရိကန်လိုနိုင်ငံမျိုးမှာ ရုပ်ရှင်ထုတ် လုပ်တဲ့အတတ်ပညာကို သင်ယူလာခဲ့သူပါ။ မန္တလေးသားဇဏ်ခီက ကိုယ်တိုင်သရုပ်ဆောင်နိုင်သလို ဇနီးသည် ခီကလည်း ကိုယ်တိုင်ဇတ်ညွှန်းရေး၊ကိုယ်တိုင်ဒါရိုက်တာလုပ်ပြီး မြန်မာယဉ်ကျေးမှုကို ကမ္ဘာသိအောင် လုပ်ပြနိုင် ခဲ့သူလို့ ဆိုရမှာပါ။ ဒီကားကို ၂၀၁၄ ကစတင်ရိုက်ကူးခဲ့ပြီး ငွေကြေးမလုံမလောက်နဲ့ ရိုက်ကူးခဲ့ရတာမို့ နယ်ရိုက်ကွင်း တွေမှာ တည်းခိုဖို့ ဘုန်းကြီးကျောင်းတွေကို အကူအညီယူခဲ့ရတဲ့ အကြောင်း၊တစ်ချို့သရုပ် ဆောင်တွေ အတွက် အနုပညာကြေးတောင်မပေးနိုင်ခဲ့တဲ့ အကြောင်း၊ ရုံတင်ရလို့ အောင်မြင်ရင်တော့ သူတို့အတွက် တစ်ခုခု လုပ်ပေးမယ့် အကြောင်း၊ မီဒီယာရှင်းလင်းပွဲတစ်ခုမှာ ပြောသွားပါသေးတယ်။

Leave a comment

Your email address will not be published. Required fields are marked *