မြန်မာ့သေနတ် MAS Sniper

လက်ရှိမြန်မာ့စစ်ပွဲများတွင် အသုံးပြုနေသော MAS Sniper သည် အရင်သုံးခဲ့သော လက်ဖြောင့်သေနတ်များထက် ပစ်ခတ်မှုအားမှာရော ဖြောင့်တန်းမှုမှာရော များစွာသာလွန်ကြောင်းသိရပါတယ်။

7.62 mm ရှိ ကျည်ကိုအသုံးပြုရတဲ့ MAS Sniperသည် မောင်းပြန်ရိုင်ဖယ် သေနတ်အမျိုးအစားဖြစ်ပြီး မြန်မာ့တပ်မတော်(ကပစ)ကထုတ်လုပ်ထားတာဖြစ်ပါတယ်။ ပြောရမယ်ဆိုရင်တော့ မြန်မာ့လက်ဖြောင့်သေနတ်ပေါ့ဗျာ။

ထို MAS Sniper သည် နိုင်ငံတကာအဆင့်မှီ Sniper သေနတ်ဖြစ်ပြီး စွမ်းအားကတော့ မီတာ ၁၂၀၀ အကွာအဝေးမှာရှိတဲ့ ရန်သူကို လက်ဆိုလက် ခြေဆိုခြေ ခေါင်းဆိုခေါင်း တိကျစွာပစ်နိုင်ပါတယ်။ ထို့ပြင် မီတာ ၇၀၀ လောက်မှာရှိတဲ့ 0.7လက်မ မထူရှိတဲ့ သံချပ်ကာကို အလွယ်တကူ ဖောက်ထွင်းနိုင်ကြောင်းလဲသိရပါသည်။

အဆိုပါ MAS Sniper များရဲ့ အစွမ်းကိုတော့ MNDAA,KIA နှင့်TNLA တို့ကတော့ သိရှိခဲ့ရပြီးဖြစ်ပါတယ်။ ထို Sniperများနဲ့ ရန်သူ့ စနိုက်ပါများကို ပြန်လည်ချေမှုန်းရာမှာသုံးချခဲ့ပြီး ထိရောက်မှုလဲများစွာရှိခဲ့ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *