မြေပေါ်မြေအောက် ရေသယံဇာတတွေကို အများဆုံး အသုံးပြုနေတဲ့ အသီးအနှံများ

ယနေ့ခေတ် ကမ္ဘာမြေကြီးဟာ တစ်နေ့တစ်ခြား ပူလာပြီး ရာသီဥတုတွေဟာလည်း အမျိုးမျိုး ပြောင်းလဲလာနေပါတယ်။ ထို့အပြင် မြေပေါ်မြေအောက် သယံဇာတတွေဟာလည်း တစ်နေ့တခြား နည်းပါးလာတာ လူတိုင်းသိကြပါတယ်။ ရာသီဥတု သာယာဖို့အတွက် အပင်တွေစိုက်ရမယ်ဆိုတာမှန်ပေမယ့် အချို့သောအပင်များဟာ ရှင်သန်ဖို့ရန်အတွက် ရေကို များ စွာလိုအပ်ပါတယ်။ ၎င်းအပင်များမှာ ကျွန်တော်တို့ စားသုံးနေတဲ့ သီးပင်စားပင်တွေလည်း ပါဝင်နေပါတယ်။ စီးပွား ရေးလုပ်ငန်းရှင်များဟာ သီးပင်စားပင်တွေကို ရောင်းချရန်အတွက် စီးပွားဖြစ်စိုက်ပျိုးကြတဲ့ အခါမှာ မြေပေါ်မြေ အောက် ရေများကို အသုံးပြုလာကြပါတယ်။ ဒါ့ကြောင့် မြေအောက်ရေများ ခမ်းခြောက်လာပြီး သဲကန္တာရတွေ များပြား လာရပါ တယ်။ ရေကို သာမန်ထက်များစွာအသုံးပြုနေရတဲ့ အသီးနှံတွေကတော့-

ဗာဒမ်းသီး

တစ်ကမ္ဘာလုံးရဲ့ ၈၀%သော ဗာဒမ်းသီးတွေဟာ ကယ်လီဖိုးနီးယားမှထွက်ရှိနေပါတယ်။ ကယ်လီဖိုးနီးယား တစ်ခု တည်းမှာ တစ်နှစ်တာအတွင်း ဗာဒမ်းသီးတွေအတွက်အသုံးပြုတဲ့ ရေဟာ ၂ ထရီလီယံလီတာ ရှိနေပါတယ်။ လယ် သမားတွေဟာ လယ်ကို ရေသွင်းဖို့အတွက် မြေပေါ်ရေများနဲ့ မလုံလောက်တဲ့အတွက် မြေအောက်ရေများကိုပါ အသုံးပြုနေ ကြရပါတယ်။ ဒါ့ပြင် တစ်နှစ်ထက်တစ်နှစ် ဗာဒမ်းသီးစိုက်ပျိုးမှုတွေဟာ ၂၀% လောက်တိုးတိုးလာနေတာကို တွေ့ရပါ တယ်။

ထောပတ်သီး

ထောပတ်သီးကို အများဆုံးစိုက်ပျိုးတဲ့ နိုင်ငံကတော့ တောင်အမေရိကရှိ ချီလီနိုင်ငံ ပဲဖြစ်ပါတယ်။ချီလီ မှာ ထောပတ် သီးတွေအတွက် တစ်ရက်ကိုရေ လီတာ ၁၀၀၀၀၀ လောက်အသုံးပြုနေရပါတယ်။ ပျမ်းမျှအားဖြင့် ထောပတ်သီး ၁ကီလို ဂရမ်ကို ရေ ၂၀၀၀လီတာ၊ ရေအပြည့်ဖြည့်ထားတဲ့ bathtubs ၁၀ခုနှင့်ညီတဲ့ ရေကို နေ့စဉ်အသုံးပြုနေရပါတယ်။

ကြံ

ကြံဟာလည်း ရေအသုံးပြုမှုများတဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ကြံကိုအများဆုံးစိုက်ပျိုးတာကတော့ ပါကစ္စတန် ပဲဖြစ်ပါ တယ်။ပါကစ္စတန်ရဲ့ ၈၀%သော မြေပေါ်မြေအောက်ရေများကို ကြံစိုက်ပျိုးဖို့အတွက် အသုံးပြုနေကြပါတယ်။ ကြံမှ ထုတ် လုပ်လိုက်တဲ့ သကြား တစ်ကီလိုဂရမ်ရဖို့အတွက် ရေ ၂၁၀လီတာ ကုန်ဆုံးရပါတယ်။ ကြံ တစ်ကီလိုဂရမ်မှာ ရေ ၁၇၈၀ လီတာ၊ ရေအပြည့်ဖြည့်ထားတဲ့ bathtubs ၉ခုစာ နေ့စဉ်အသုံးပြုနေရပါတယ်။

ဆန်၊စပါး

ဆန်ကို အများဆုံး ထုတ်လုပ်နေတဲ့ နိုင်ငံကတော့ အိန္ဒိယပဲဖြစ်ပါတယ်။ အိန္ဒိယဟာ ဆန်ကို ပြည်တွင်း စားဖို့သာမက ပြည်ပနိုင်ငံတွေကိုလည်း အများဆုံးဖြန့်ချီရောင်းချနေတဲ့ နိုင်ငံဖြစ်ပါတယ်။ အိန္ဒိယဟာ တစ်ကမ္ဘာလုံးရှိ နိုင်ငံတွေ အားလုံးထက် ၂၄% ရေပိုသုံးနေတာတွေ့ရပါတယ်။ ဆန် တစ်ကီလိုဂရမ် ရဖို့အတွက် ရေ ၁၆၇၀လီတာ၊ ရေအပြည့် ဖြည့် ထားတဲ့ bathtubs ၈ခုစာနေ့စဉ်လိုအပ်ပါတယ်။ ဒါ့အပြင် ကမ္ဘာ့လူဦးရေ တစ်နေ့တစ်ခြား တိုးလာတာနဲ့အမျှ ဆန် စပါး ထုတ်လုပ်မှုဟာလည်း တိုးလာနေတာဖြစ်ပါတယ်။၂၀၀၀ ခုနှစ်မှ ၂၀၁၀ ခုနှစ်အတွင်း အိန္ဒိယတစ်နိုင်ငံ တည်း ဆန်စပါးစိုက်ပျိုးမှု ၂၃% တိုးလာပါတယ်။

ငှက်ပျောသီး

ငှက်ပျောသီးကို အဓိကစိုက်ပျိုးတဲ့နိုင်ငံကတော့ Dominican Republic ဖြစ်ပါတယ်။ ငှက်ပျောသီးအလုံးကြီး တစ်ဖီး ကို ရေ ၁၆၀ လီတာ အသုံးပြုပေးရတာဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးမှာ ထွက်ရှိတဲ့ ငှက်ပျောသီး ၅၅%နှုန်း လောက် ဟာ Dominican Republic ကနေထွက်ရှိနေတာဖြစ်ပါတယ်။ Dominican Republic ရဲ့ ရေအသုံးပြုမှုဟာ တစ် နှစ်ထက်တစ်နှစ် တိုးပွားလာနေပါတယ်။၂၀၁၃ခုနှစ်က တိုင်းတာတွက်ချက်မှုအရ ၂၀၅၀ ခုနှစ်ရော က်တဲ့အခါ မှာ Dominican Republic ရဲ့ တစ်နှစ်တာ ရေအသုံးပြုမှုဟာ အနည်းဆုံး ၅၀၀ ဘီလီယံလီတာ ရှိမယ်လို့ ခန့် မှန်းထားကြပါတယ်။

Source : CNN News

Leave a comment

Your email address will not be published. Required fields are marked *