မြောက်ကိုရီးယားက တာတိုပစ် ဒုံးကျည် (၂)လုံးကို ပစ်လွှတ်ခဲ့

ဩဂုတ်လ (၉)ရက် သောကြာနေ့က မြောက်ကိုရီးယား Hamgyong ပြည်နယ်တောင်ဘက် Hamhung မြို့၏အရှေ့ဘက်ခြမ်းအနီးမှ တာတိုပစ် ဒုံးကျည်(၂)လုံးကို စမ်းသပ်ပစ်လွှတ်ခဲ့တာဖြစ်ကြောင်း တောင်ကိုရီးယား၏ ပြောပြချက်အရသိရှိရပါတယ်။ ယခုပစ်လွှတ်ခဲ့တဲ့ ဒုံးကျည်နဲ့ပါဆိုလျှင် တစ်ပတ်အတွင်း မြောက်ကိုရီးယားဘက်မှ ဒုံးကျည်ပစ်လွှတ်မှုဟာ (၅)လုံး ရှိပြီးဖြစ်ကြောင်း သိရှိရပါတယ်။

သို့သော် အမေရိကန်သမ္မတ Trump ကတော့ မြောက်ကိုရီးယား သမ္မတ Kim ဆီမှ အလွန်ကောင်းမွန်တဲ့ စာတစ်စောင်ကို သူရရှိထားတာဖြစ်ကြောင်း ပြောကြားခဲ့ပြီး သမ္မတ Kim နဲ့ နောက်တစ်ကြိမ်တွေ့ဆုံဖို့ ရှိကြောင်း အိမ်ဖြူတော်မှ ပြောကြားခဲ့ပါတယ်။ ထို့အပြင် သမ္မတ Kim ဟာ US နဲ့ တောင်ကိုရီးယားတို့ ပူးပေါင်း စစ်ရေးလေ့ကျင့်နေခြင်းကို စိတ်ဆိုးနေတာဖြစ်ကြောင်း ပြောပြသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့လက သမ္မတ Trump နဲ့ သမ္မတ Kim တို့ Nuclear ဒုံကျည်မပစ်လွှတ်ဖို့အတွက် သဘောတူညီမှုကို ပြုလုပ်နိုင်ခဲ့သော်လည်း အမေရိကန်မှ တောင်ကိုရီးယားနှင့် ပူးပေါင်းပြီး စစ်ရေးလေ့ကျင့်မှုပြုလုပ်လိုက်တဲ့အတွက် မကြေမနပ်ဖြစ်ကာ ယခုလို သဘောတူညီမှုကို ဖျက်ကာဒုံးကျည်များကို ဂျပန်ပင်လယ်ထဲသို့ ပစ်လွှတ်စမ်းသပ်နေခြင်းဖြစ်ကြောင်း ရှင်းပြသွားခဲ့ပါတယ်။

တောင်ကိုရီးယား၏ ပြောပြချက်အရ မြောက်ကိုရီးယားဟာ သောကြာနေ့က ဒေသစံတော်ချိန် 05:34 နှင့် 05:50 (20:34 and 20:50 GMT Friday) တို့တွင် ဒုံးကျည်များကို ပစ်လွှတ်ခဲ့တာဖြစ်ကြောင်း၊ ၎င်းဒုံးကျည်များဟာ 400 km (250 miles) လောက်အထိ ဝေးအောင် Mach 6.1 အရှိန်နှုန်းဖြင့် ပစ်လွှတ်ခဲ့တာဖြစ်ကြောင်း သိရှိရပါတယ်။ မြောက်ကိုရီးယား စတင်ပြီး ပစ်လွှတ်ခဲ့တဲ့ ဒုံးကျည်ကတော့ ဇူလိုင်လ ၂၅ရက်နေ့ကပစ်လွှတ်ခဲ့တဲ့ ဒုံးကျည်ဖြစ်ပြီး 690km အထိရောက်ရှိသွားကြောင်းသိရပါတယ်။

သမ္မတ Trump နဲ့ သမ္မတ Kim တို့ဟာ ဇွန်လတွင် တောင်ကိုရီးယားနှင့် မြောက်ကိုရီးယားနယ်စပ်ရှိ စစ်မက်ကင်းတဲ့ဇုန်၌ တွေ့ဆုံးခဲ့ကာ ဒုံကျည်နဲ့ပတ်သက်တဲ့ သဘောတူညီမှုကိုပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ထို့ကိစ္စအပြီးမှာ အမေရိကန်က တောင်ကိုရီးယားနဲ့ တွဲကာစစ်ရေးလေ့ကျင့်ဖို့ ကြိုးစားခဲ့တဲ့အတွက် သမ္မတ Kim က စိတ်ဆိုးကာ သဘောတူညီမှုကို ဖျက်ခဲ့တာဖြစ်ပါတယ်။ သို့သော် အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ စစ်ရေးလေ့ကျင့်မှုဟာ ယခုအချိန်မှာ အစမ်းသဘောပဲဖြစ်ပြီး ဩဂုတ်လ ၁၁ရက်တွင်မှ စတင်ပြီး အမှန်တကယ်လေ့ကျင့်မှုပြုလုပ်မှာဖြစ်ကြောင်းလည်း သိရှိရပါတယ်။

Source : BBC News

Leave a comment

Your email address will not be published. Required fields are marked *