မြောက်ကိုရီးယားက ဒေသစံတော်ချိန်ကို ပြောင်းညှိလိုက်ပြီ

ယခင်အပတ်က ကျင်းပခဲ့တဲ့ ထိပ်သီးအစည်းအဝေးပြီးတဲ့နောက်ပိုင်း မြောက်ကိုရီးယားရဲ့ ဒေသစံတော်ချိန်ကို တောင် ကိုရီးယားနဲ့ တူညီအောင်ပြောင်းညှိလိုက်ပြီလို့ မြောက်ကိုရီးယား နိုင်ငံပိုင် သတင်းဋ္ဌာနက ကြေငြာလိုက်ပါတယ်။ မနေ့က သောက်ကြာနေ့ မြောက်ကိုရီးယားဒေသစံတော်ချိန် ၂၃း၃၀ နာရီ ( 15း00 GMT) ဖြစ်တဲ့ သန်ခေါင်ချိန်မှာ တောင်ကိုရီးယားဒေသစံတော်ချိန်နဲ့ ကိုက်ညီဖို့အတွက် ၃၀ မိနစ် ရှေ့တိုးလိုက်တယ်လို့ဆိုပါတယ်။ KCNA သတင်း အေဂျင်စီရဲ့ ပြောစကားအရ ဒါဟာ ကိုရီးယားပြန်လည်ပေါင်းစည်းရေးအတွက် ပထမဆုံးလက်တွေ့ လုပ်ဆောင်ချက် ဖြစ်တယ်လို့ဆိုပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကလည်း မြောက်ကိုရီးယားခေါင်းဆောင်နဲ့တွေ့ဆုံဖို့ နေရာလည်းရှိပြီ၊နေ့ရက် လည်း သူ့မှာရှိထားပြီ၊ မကြာခင်ကြေငြာဖို့ပဲရှိပါတယ်။ အင်မတိအင်မတန်ကောင်းတဲ့ အကျိုးရလဒ်တွေ ထွက်ပေါ်လာလိမ့်မယ် လို့ သောက်ကြာနေ့က အိမ်ဖြူတော်အပြင်ဖက်မှာ သတင်းသမားတွေနဲ့တွေ့ဆုံတုန်းပြောခဲ့ပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင်နဲ့တွေ့ဆုံဖို့ ကိစ္စတွေကို ဆွေနွေးညှိနှှိုင်းဖို့ အတွက် တောင်ကိုရီးယားသမ္မတ မွန်း ကို မေလ ၂၂ ရက်နေ့မှာ ထရန့်က အိမ်ဖြူတော်မှာ လက်ခံတွေ့ဆုံမှာဖြစ်ပါတယ်။
ဒီမတိုင်ခင်အချိန်ထိတော့ ပြုံယမ်းရဲ့စံတော်ချိန်ဟာ တောင်ကိုရီးယားနဲ့ ဂျပန်တို့ထက် နာရီဝက်နောက်ကျပါတယ်။ ကိုရီးယားကျွန်းဆွယ်ကို ဂျပန်တွေအုပ်စိုးစဉ်က တိုကျိုစံတော်ချိန်အတိုင်း ညှိထားခဲ့ပေမယ့် ယုတ်မာတဲ့ ဂျပန်နယ်ချဲ့တွေ ကို ဆန့်ကျင်တာကိုပြသဖို့အတွက် ၂၀၁၅ ခုနှစ်မှာ နာရီဝက် အပိုထပ်တိုးလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။ ဂရင်းနစ် စံတော်ချိန်ထက် ၉ နာရီစောနေတဲ့ တောင်ကိုရီးယားဟာလည်း ၁၉၅၀ ခုနှစ်တွေမှာ ဂျပန်စံတော်ချိန်နဲ့ ကွာခြားပေမယ့် ၁၉၆၀ခုနှစ်မှာတော့ပြန်လည်ညှိခဲ့ပါတယ်။
လွန်ခဲ့တဲ့ သောက်ကြာနေ့က တောင်ကိုရီးယားက စစ်မဲ့ဇုံ DMZ မှာ ကိုရီးယားခေါင်းဆောင်နှစ်ဦးတွေ့ကြစဉ် နှစ်နိုင်ငံ စံတော်ချိန်ကို ပြသနေတဲ့ နာရီ၂လုံးကလည်း ဘေးချင်းယှဉ်ပြီး ရှိနေခဲ့ ပါတယ်။ ခေါင်းဆောင်  နှစ်ဦး ဆွေးနွေး အပြီးမှာတော့ တောင်ကိုရီးယားသမ္မတက နာရီ၂ လုံးကို မြင်ရတဲ့အတွက် မစ္စတာကင်ကို စိတ်မကောင်း ဖြစ်စေ တယ်လို့ တွစ်တာကနေ ရေးသားခဲ့ပါတယ်။

Ref:BBC & Sky News

Leave a comment

Your email address will not be published. Required fields are marked *