မြောက်ကိုရီးယားက ဖမ်းသွားတဲ့ ရုရှားငါးဖမ်းသမားတစ်ဦး သေဆုံး

ဇူလိုင်လတုန်းက ဂျပန်ပင်လယ်ထဲတွင် နယ်မြေကျူးကျော်လာတဲ့ ရုရှားငါးဖမ်းလှေထဲရှိ ငါးဖမ်းသမား (၆)ဦးထဲမှ တစ်ဦး သေဆုံးသွားပြီဖြစ်ကြောင်း စက်တင်ဘာလ (၂၀)ရက် သောကြာနေ့က ရုရှားနယ်ခြားစောင့်အဖွဲ့မှ အကြီးအကဲ တစ်ဦးက ပြောကြားခဲ့ပါတယ်။ ထိုသေဆုံးကြောင်း ပြောကြားခဲ့ခြင်းကိုလည်း မြောက်ကိုရီးယားက အတည်ပြုခဲ့တယ်လို့ သိရ ပါတယ်။

ရုရှား၏ ပြောပြချက်အရ တစ်ပတ်အတွင်း ရုရှားငါးဖမ်းသမားများ ဖမ်းဆီးခံရမှုဟာ (၁၆၁)ဦးအထိရှိခဲ့ပြီး (၃)ဦး လောက်ဟာ ထိခိုက်ဒဏ်ရာများရရှိထားတယ်လို့ သိရပါတယ်။ ရုရှား နိုင်ငံခြားရေးရာဝန်ကြီးက အလွန်ကို စိုးရိမ် ပူပန် နေကြောင်းနှင့် မြောက်ကိုရီးယား၏ အထူးသံတမန်နှင့် တွေ့ဆုံဆွေးနွေးရတော့မှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

Source : BBC News

Leave a comment

Your email address will not be published. Required fields are marked *