မြောက်ကိုရီးယားက အမေရိကန်နဲ့ နယူလက်နက်ဖျက်သိမ်းရေး ဆွေးနွေးဖို့ အဆင်သင့်လို႔ဆို

မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျူံအမ်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်တို့တွေ့ဆုံတဲ့အခါ ကိုရီးယားကျွန်းဆွယ် မှာ နယူလက်နက်ဖျက်သိမ်းရေးဆွေးနွေးဖို့ ပြင်ဆင်ထားကြောင်း မြောက်ကိုရီးယားက ပထမဆုံးအကြိမ်အနေနဲ့ ပြောကြားလိုက်ကြောင်း အမေရိကန်တာဝန်ရှိသူ တွေက ဧပြီလ၈ရက်၊တနင်္ဂနွေနေ့မှာ ပြောကြားလိုက်ပါတယ်။
မြောက်ကိုရီးယားနဲ့ အမေရိကန်တာဝန်ရှိသူတွေဟာ မကြသေးခင်က လျှိ့ဝှက်တွေ့ဆုံကြစဉ်မှာ ပြုံယမ်းအနေနဲ့ မကြုံဖူးတဲ့ ထိပ်သီးတွေ့ဆုံမှုကို လိုလိုလားလားရှိကြောင်း အမည်မဖေါ်လိုသူ တာဝန်ရှိသူတွေက ရိုက်တာ ကိုပြော လိုက်ပါတယ်။
နှစ်ဖက်ဆက်သွယ်ရေးဟာ ကနဦးအဆင့်မှာပဲရှိသေးပြီး၊တရားဝင်အနေနဲ့ ကုလသမဂ္ဂက ကြားခံဆောင်ရွက် ပေး သလို လျှို့ဝှက်ဆွေးနွေးမှုတွေကိုတော့ နှစ်ဖက်သီးခြား ထောက်လှမ်းရေး အရာရှိတွေက ဆွေးနွေးကြတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
အခုအချိန်ထိတော့ အမေရိကန်အနေနဲ့ ကင်ရဲ့ ရည်ရွယ်ချက်တွေကို တောင်ကိုရီးယားက အာမခံချက် ပေးနိုင်တဲ့ အပေါ်အများဆုံးမှီတည်နေတယ်လို့ ဆိုပါတယ်။ကုန်ခဲ့တဲ့လကတော့ တောင်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့ဟာ အမေရိကကိုသွားရောက်ပြီး ကင်ရဲ့ တွေ့ဆုံဖို့ရည်မှန်းချက်တွေကို အသိပေး ခဲ့ပါတယ်။ အရင်နှစ်တွေတုန်းက တစ်ဦးနဲ့တစ်ဦး စိန်ခေါ်စကားတွေပြောနေခဲ့ကြတဲ့ ခေါင်းဆောင် နှစ်ဦးဟာ အခုလိုမြန်မြန်ဆန်ဆန်တွေ့ဆုံဖို့ ဖြစ်လာတဲ့ အတွက်ကမ္ဘာကြီးကိုလည်းအံ့သြသင့်စေပါတယ်။
အမေရိကန်တာဝန်ရှိသူတွေက ဘယ်အချိန်တွေမှာ ဆက်သွယ်ပြောဆိုကြသလဲဆိုတဲ့ အချိန်အတိအကျကို ပြောဆိုဖို့ ငြင်းခဲ့ပေမယ် အကြိမ်းများစွာ ပြောဆိုဆက်သွယ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ တောင်ကိုရီးယားရဲ့ သမ္မတအိမ်ပြာတော် ကတော့ နှစ်နိုင်ငံဆက်သွယ်ပြောဆိုမှုတွေကို ကြိုဆိုလိုက်ပြီး ဒီတိုးတက်မှုက အကောင်းဖက်ကို ဆောင်တယ်လို့ ဆိုပါတယ်။
ထိပ်သီးတွေ့ဆုံမှုအတွက်မေးစရာကျန်တာကတော့ ပြုံယမ်းအနေနဲ့ နယူလက်နက် ဖျက်သိမ်းရေးကို ဘယ်လို အဓိပ္ပါယ် ဖွင့်ဆိုသလဲဆိုတဲ့ ကိစ္စဖြစ်ပါတယ်။ အမေရိကန်အနေနဲ့ကတော့ ပြုံယမ်းဟာ နယူလက်နက် အစီအစဉ်တွေကို လုံးဝစွန့်ပစ်ရေးလို့ပဲ အဓိပ္ပါယ်ဖွင့်ပါလိမ့်မယ်။
လွန်ခဲ့တဲ့နှစ် ပြုံယမ်းရဲ့တာဝေးပစ် ဒုံးလက်နက်တွေစမ်းသပ်ရာကနေ ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေ မြင့်တက်ခဲ့ပြီး အမေရိကန်ကလည်း ဒီအတွက်စိုးရိမ်မှုတွေမြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ တောင်ကိုရီးယားမှာ ဖေဖေါ်ဝါရီလမှာ ကျင်းပခဲ့တဲ့ အိုလံပစ်ပွဲကို မြောက်ကိုရီး ယားအားကစားအဖွဲ့တွေ စေလွှတ်ရာကနေ အခုအခြေအနေ ထိ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ မကြာခင်က ကင်ရဲ့ တရုတ်ခရီးစဉ်ဟာလည်း ထိပ်သီးဆွေးနွေး ပွဲအတွက် အထောက်အကူ ဖြစ်စေ ခဲ့တယ်လို့ သုံးသပ်မိပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ဒီဆွေးနွေးပွဲသာအောင်မြင်မယ်ဆိုရင်တော့ တစ်ကမ္ဘာလုံး ဝမ်းသာအားရ ဖြစ်ကြမှာမလွဲပါဘူး။

Ref: CNA

Leave a comment

Your email address will not be published. Required fields are marked *