မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်က နယူလက်နက်စမ်းသပ်မှုကို ရပ်ဆိုင်းတော့မည် ဟု ပြောလိုက်ပြီ

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်က ဒုံးလက်နက်စမ်းသပ်မှုတွေအားလုံးကို ရပ်ဆိုင်းပြီး နယူကလီးယား  စမ်း သပ်တဲ့ စခန်းတွေကိုလည်း ချက်ချင်းပိတ်သိမ်းတော့မယ်လို့ ပြောလိုက်ပါတယ်။ ကိုရီးယား ဗဟိုသတင်းအေဂျင်စီရဲ့ သတင်းအရဧပြီလ၂၁ရက်နေ့ကစပြီးပိတ်သိမ်းမယ်လို့ဆိုပါတယ်။
ဒီသတင်းက တစ်ကမ္ဘာလုံးမျှော်လင့်နေတဲ့ သတင်းလည်းဖြစ်ပါတယ်။ ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးဟာ သမ္မတ ဒေါ်နယ်ထရန့်ရဲ့ ငြိမ်းချမ်းရေးနိုဘယ်ဆုရရှိရေးအထိ အကျိုးသက်ရောက်နိုင်တယ်လို့ ကမ္ဘာ့သတင်းတွေမှာ ထင်ကြေးပေးရေးသားလာကြတာ တွေ့ရပါတယ်။ မြောက်ကိုရီးယား နိုင်ငံပိုင်သတင်းအရ ဒီဆုံးဖြတ်ချက်ဟာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးအတွက် ဖြစ်တယ်လို့ ဆိုပါတယ်။ တောင်နဲ့မြောက် ခေါင်းဆောင် နှစ်ဦးတို့ဟာ လာမယ့်သီတင်းပတ်မှာ တွေ့ဆုံကြမှာ ဖြစ်ပါတယ်။ ကင်အနေနဲ့ တစ်ခါမှ မတွေ့ကြုံဖူးတဲ့ အမေရိကန်နဲ့ နှစ်နိုင်ငံထိပ်သီးတွေ့ဆုံမှုကိုလည်း လာမယ့်ဇွန်လမှာ တွေ့ဆုံဖို့ မျှော်လင့်နေပါတယ်။
ကင်ရဲ့ ကြေငြာချက်ထွက်လာပြီးနောက်မှာတော့ ထရန့်က မြောက်ကိုရီးယားဟာ ဒုံးလက်နက်စမ်းသပ်မှုတွေကို ရပ်ဆိုင်းပြီး နယူလက်နက်စမ်းသပ်စခန်းတွေကို ပိတ်သိမ်းဖို့သဘောတူလိုက်ပါပြီ။ ဒါဟာ ကမ္ဘာကြီးနဲ့ မြောက်ကိုရီးယား အတွက် အင်မတန်ကောင်းတဲ့ သတင်းပါ။ ကြီးမားတဲ့ တိုးတက်မှုပါပဲ။ ကျူပ်တို့ရဲ့ ထိပ်သီးတွေ့ဆုံမှုကို မျှော်လင့် စောင့်စားကြပါစို့ ဆိုပြီး သူ့ရဲ့ Twitter မှာရေးသားခဲ့ပါတယ်။ တောင်ကိုရီးယားခေါင်းဆောင်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် တစ်ဦး ကတော့ မြောက်ပိုင်းရဲ့ အရွေ့ဟာ အဓိပ္ပါယ်ပြည့်ဝတဲ့ တိုးတက်မှုလို့ဆိုလိုက်ပါတယ်။
မြောက်ကိုရီးယားဟာ သူ့ရဲ့လက်နက် အစီအစဉ်တွေကြောင့် နိုင်ငံတကာရဲ့ အရေးယူပိတ်ဆို့မှုတွေကိုလည်း အကြိမ်ကြိမ် ချမှတ်ခံခဲ့ရပြီးဖြစ်ပါတယ်။လွန်ခဲ့တဲ့ နိုဝင်ဘာလမှာတော့ အမေရိကန်အပါအဝင် တိုက်ကြီးအားလုံးကို ရောက်ရှိနိုင်တဲ့ တာဝေးပစ် ဒုံးလက်နက်ကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ပြီလို့ ကြေငြာခဲ့ပါတယ်။ ဒီစမ်းသပ်မှုအတွက် နိုင်ငံတကာရဲ့ ပြစ်တင်မှုကိုခံခဲ့ရပြီး ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres ကလည်း တစ်ထပ်တည်းရှိတဲ့ နိုင်ငံ တကာအသိုင်းအဝိုင်းရဲ့အမြင်တွေကို လုံးဝလစ်လျူရှုလိုက်တယ်လို့ ပြောခဲ့ပါတယ်။ အောက်မှာဖေါ်ပြထားတာက မြောက် ကိုရီးယားရဲ့ဒုံးလက်နက်တွေနဲ့ပစ်ခတ်နိုင်တဲ့အကွာအဝေးတွေဖြစ်ပါတယ်။
ကင်ရဲ့ကြေငြာချက်ဟာ တောင်နဲ့မြောက်တို့ ဆက်ဆံရေးပျော့ပျောင်းလာစဉ်မှာပဲ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ ဆယ် စုနှစ်ကာလ တောင်မြောက်ထိပ်သီးတွေ့ဆုံမှုအတွက် ကင်နဲ့ မွန်းတို့ရဲ့ တိုက်ရိုက် တယ်လီဖုန်းအဆက်အသွယ်ကို အရင်လက တောင်ကိုရီယားသမ္မတမွန်းရဲ့အကြံပေးပုဂ္ဂိုလ် ကင်နဲ့တွေ့ဆုံဖို့ သွားရောက်ခဲ့ကတည်းက စတင်ခဲ့တာ ဖြစ်ပါ တယ်။ ဖုန်းအဆက်အသွယ် ၄မိနစ် ၁၇ စက္ကန့်ကြာ ပြောဆိုမှု အောင်မြင်ပြီးမြောက်ချိန်မှာတော့ ကျွှန်တော်တို့တွေ ဟာ အိမ်နီးချင်းတံခါးပေါက်က ပြောနေသလိုပါပဲလို့ တောင်ကိုရီးယားတာဝန်ရှိသူတစ်ဦးက ဒေသမီဒီယာတွေကို ပြောခဲ့ ပါတယ်။ တောင်နဲ့ မြောက် ကိုရီးယားနှစ်နိုင်ငံဟာ ၁၉၅၀-၅၃ ကိုရီးယားစစ်ပွဲပြီးကတည်းက ရန်သူတွေလိုပဲ ဆက်ဆံ ရေးရှိနေခဲ့ကြတာဖြစ်ပါတယ်။ ခုတော့ ကမ္ဘာကြီး ငြိမ်းရေး ခြေလှမ်းသစ်တစ်လှမ်း စလိုက်ပြီလို့ ဆိုရတော့ မှာပါ။
Source:BBC

Leave a comment

Your email address will not be published. Required fields are marked *