မြောက်ကိုးရီးယားကို ပိတ်ဆို့မှုအသစ်တွေ ချမှတ်တာဟာ စစ်ပွဲကို ဖိတ်ခေါ်နေတာဖြစ်ပါတယ်။

မြောက်ကိုးရီးယားရဲ့ အဓိကလိုအပ်ချက်ဖြစ်တဲ့ ဆီတင်သွင်းမှုကိုပိတ်ဆို့တာဟာ စီးပွားရေးစနစ်တစ်ခုကို ပိတ်ဆို့တာနဲ့ အတူတူပဲလို့ မြောက်ကိုးရီးယားက ကုလသမဂ္ဂ ကိုပြောပါတယ်။

မြောက်ကိုးရီးယားရဲ့ တိုက်ချင်းပစ်ဒုံးကျည် စမ်းသပ်မှုပြုလုပ်ပြီးနောက်ပိုင်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ပိတ်ဆို့မှု အသစ်ပြုလုပ်မှုအပေါ် ပြုံရမ်းမှ ပထမဆုံးအကြိမ်တရားဝင် တုန့်ပြန်တာဖြစ်ပါတယ်။

KCNA သတင်းအေဂျင်စီရဲ့ တရားဝင်ဖော်ပြချက်မှာ မြောက်ကိုးရီးယား နိုင်ငံခြားရေးရားဝန်ကြီးပြောကြားထားတာက “ကုလသမဂ္ဂနဲ့ သူ့ရဲ့အပေါင်းအပါတွေ ပိတ်ဆို့ဆုံးဖြတ်ချက်ကို ချမှတ်တာဟာ အပြောင်းအလဲတစ်ခုကို ဖန်တီးနေတာလို့ကျွန်တော်တို့သတ်မှတ်ပြီး ကျွန်တော်တို့ရဲ့ အချုပ်အခြာအာဏာကို ထိပါးနေပါတယ်။ ဒီလိုလုပ်ဆောင်တာဟာ ငြိမ်းချမ်းရေးကိုဖောက်ဖျက်ရာရောက်နေပြီး ကိုးရီးယားကျွန်းဆွယ်နဲ့ သူ့ရဲ့နယ်နမိတ်ကိုပါ ထိပါးနေတဲ့အတွက် ဆုံးဖြတ်ချက်ကို ပယ်ချတယ်လို့” ပြောထားပါတယ်။

“ပိတ်ဆို့မှုအသစ်ဟာ မြောက်ကိုးရီးယားရဲ့ စီးပွားရေးကို အပြည့်အဝပိတ်ဆို့စေတယ်လို့” ဝန်ကြီးချုပ်က ထပ်လောင်းပြောကြားပါတယ်။ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်မှုကြမ်းမှာ သန့်စင်တဲ့ဓါတ်ဆီ တင်သွင်းမှုကို တစ်နှစ် စည်ပေါင်း ၅၀၀၀၀၀ လောက်လျှော့ချသွားမှာဖြစ်ပြီး မြောက်ကိုးရီးယားကနေ တစ်ခြားနိုင်ငံမှာ လုပ်နေတဲ့ အလုပ်သမားတွေကို ၂၄ လအတွင်း နေရပ်ပြန်ပို့ဖို့ တောင်းဆိုသွားမယ့်အချက်တွေပါဝင်ပါတယ်။

မြောက်ကိုးရီးယားကို ရေနံစိမ်းတင်ပို့မှု တစ်နှစ်ကို ၄ မီလီယံလောက် လျှော့ချသွားဦးမှာဖြစ်ပြီး မြောက်ကိုးရီးယားက နောက်ထပ် စမ်းသပ်မှုအသစ်တွေနဲ့ တိုက်ချင်းပစ်ဒုံးကျည်တွေကို စမ်းသပ်မယ်ဆိုရင် ဒီထက်တိုးပြီး ဆီတင်သွင်းမှု လျှော့ချသွားဖို့ လုံခြုံရေးကောင်စီက ကတိကဝတ်ပြုကြပါတယ်။

လုံခြုံရေးကောင်စီမှာ ပိတ်ဆို့မှုအသစ်အတွက် မဲထည့်တဲ့နိုင်ငံတွေ ပြုံရမ်းရဲ့ ပြင်းထန်တဲ့ ဒေါသအကျိုးဆက်ကို ခံစားရနိုင်တယ်လို့ မြောက်ကိုးရီးယားနိုင်ငံခြားရေးဝန်ကြီးကပြောပါတယ်။ “ပိတ်ဆို့မှု ဆုံးဖြတ်ချက်အတွက် လက်ထောင်တဲ့ နိုင်ငံတွေဟာ အကျိုးဆက်တွေအတွက် တာဝန်ယူရမှာဖြစ်ပြီး သူတို့လုပ်ဆောင်ခဲ့တဲ့အမှုအတွက် ကြီးလေးတဲ့အပြစ်ဒဏ်ခံစားစေရမယ်ဆိုတာ သေချာတယ်လို့လည်း” သူကပြောပါတယ်။

ကျွန်တော်တို့ရဲ့ နျူကလီးယား ဒုံးကျည်ဟာ “နိုင်ငံတကာ ဥပဒေနဲ့ ငြိစွန်းနေတဲ့အရာမဟုတ်ပဲ အဟန့်အတားဖြစ်စေမယ့်အရာတွေအတွက် ကိုယ့်ကိုယ်ကို ကာကွယ်ဖို့အတွက်သာဖြစ်တယ်လို့” သူကပြောပါတယ်။ “ကျွန်တော်တို့ဟာနောက်ထပ်လည်း ကိုယ့်ကိုယ်ကိုကာကွယ်ဖို့နဲ့ အမေရိကန်ရဲ့ အခြေခံကျကျ နျူကလီးယားခြိမ်းခြောက်မှု၊ ငွေညှစ်မှု နဲ့ ရန်လိုမှုတွေကို အမြစ်ပြတ်သုတ်သင်ရှင်းလင်းသွားမှာဖြစ်ပြီး စစ်တပ်ကိုလည်း ဒီထက်ပိုပြီးတောင့်တင်းခိုင်မာအောင် လုပ်ဆောင်သွားမှာဖြစ်တဲ့အတွက် အမေရိကန်မှာရှိတဲ့ စစ်တပ်နဲ့ ညီမျှတဲ့ စစ်တပ်တစ်တပ်ကို လက်တွေ့ကျကျ အကောင်ထည်ဖော်နေတာဖြစ်တယ်လို့” ထပ်လောင်းပြောကြားပါတယ်။

မြောက်ကိုးရီးယားဟာ ဒီနှစ်အတွင်းမှာ နျူကလီးယားစမ်းသပ်မှု ၂၀ ပြုလုပ်ခဲ့ပြီး ကြောက်ဖို့ကောင်းတာတစ်ခုက မြောက်ကိုးရီးယားဟာ များမကြာမီကာလအတွင်းမှာ အမေရိကန် ကုန်းတွင်းပိုင်းကို ပစ်လွှတ်နိုင်တဲ့ ဒုံးကျည်ပစ်လွှတ်နိုင်ဖို့အတွက် လက်နက်စက်ရုံ ရှိလာတော့မှာဖြစ်ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *