မြောက်ကိုးရီးယားကို အကြမ်းဖက်အားပေးတဲ့နိုင်ငံတစ်ခုအဖြစ်နဲ့ သမ္မတ ထရမ့် သတ်မှတ်

မြောက်ကိုးရီးယားဟာ အခုအချိန်မှာ အကြမ်းဖက်မှုထောက်ခံတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တယ် ဆိုတာကို ထရမ့်ကကြေငြာလိုက်ပါတယ်။ ဒီလိုကြေငြာချက်ထွက်ပေါ်လာတာဟာ မြောက်ကိုးရီးယားနဲ့ အမေရိကန်တို့တင်းမာမှုဖြစ်ပြီးနောက်ပိုင်း သမ္မတထရမ့်က မခံချိမခံသာစကားတွေနဲ့ ပြောလေ့ရှိပြီး မြောက်ကိုးရီးယားသမ္မတ ကင်ဂျုံအန်းကို စော်ကားမှုတွေ လုပ်လေ့ရှိလာပါတယ်။

အကြမ်းဖက်မှုအားပေးတဲ့ နိုင်ငံတစ်နိုင်ငံအဖြစ်သတ်မှတ်ခြင်းခံရတာဟာ ထရမ့်ကို ပိတ်ဆို့မှုတွေလုပ်ဖို့ခွင့်ပြုနေသလိုဖြစ်ပြီး နိုဝင်ဘာ ၂၁ရက်နေ့မှာကြေငြာဖို့ဖြစ်လာပါတယ်။ အဲ့ဒါက အရမ်းကို ကြီးမားတဲ့ပိတ်ဆို့မှုဖြစ်မယ်လို့ သူကအရိပ်အမြွက်ပြောကြားပါတယ်။

၂၀ရက်နေ့က အိမ်ဖြူတော်မှာ ပြောကြားတဲ့ မိန့်ခွန်းမှာ ဒေါ်နယ်ထရမ့်ပြောတာက “အမေရိကန်ဟာ မြောက်ကိုးရီးယားကို အကြမ်းဖက်မှုအားပေးတဲ့ နိုင်ငံအဖြစ်နဲ့ ဒီကနေ့မှာသတ်မှတ်လိုက်ပါတယ်။ ဒီလိုဖြစ်သင့်တာက တော်တော်ကိုကြာခဲ့ပါပြီ။ လွန်ခဲ့တဲ့နှစ်ကတည်းက ဒီလိုဖြစ်သင့်ပါတယ်လို့” သူကပြောပါတယ်။

၂၀၀၈ မှာ ဂျော့ဒဗလျူဘုရှ် က မြောက်ကိုးရီးယားကို စာရင်းထဲက ဖယ်ထုတ်ပေးခဲ့တာ နှစ် ၂၀ ရှိပါပြီ။ ဒါပေမယ့် အဲ့ဒီအချိန်တုန်းက မြောက်ကိုးရီးယားက နျူကလီးယားအစီအစဉ်ကို ဆက်လက်လုပ်ဆောင်နေခဲ့တာဖြစ်ပြီး အဲ့ဒီအချက်က ထရမ့်ကို ကသိကအောက်ဖြစ်စေပြီး UN လုံခြုံရေးကောင်စီက ချမှတ်ထားတဲ့ မြောက်ကိုးရီးယားအပေါ်ပိတ်ဆို့မှုတွေကို ခုခံ သလိုဖြစ်စေပါတယ်။

ပြုံရမ်းဟာ ဒုံးကျည်နှစ်လုံးကို ဂျပန်ကိုကျော်ပြီး ပစ်လွှတ်လိုက်ပြီး အမေရိကန်ကို ပစ်လွှတ်ဖို့အတွက် ဒုံးကျည်ဖွံ့ဖြိုးရေးလုပ်ဆောင်နေတဲ့ရည်ရွယ်ချက်မှာ ဘာမှလျို့ဝှက်ထားတာမရှိပါဘူး။ အမေရိကန်အရာရှိတွေက ဒီလိုအပြုအမှုတွေနဲ့ ခြိမ်းခြောက်မှုတွေက ထရမ့်ရဲ့ သတ်မှတ်ထားတဲ့ဆုံးဖြတ်ချက် နဲ့ ကိုက်ညီမှုဖြစ်ရဲ့လားဆိုတာကို တော့ သီးသန့်တွေ့ဆုံပြီး မေးခွန်းထုတ်ခဲ့ကြပါတယ်။

အကြမ်းဖက်အားပေးတဲ့ နိုင်ငံတစ်နိုင်ငံအဖြစ်သတ်မှတ်ဖို့က ၎င်းနိုင်ငံဟာ နိုင်ငံတကာက အကြမ်းဖက်သမားတွေကို အကြိမ်ကြိမ် ထောက်ပံ့အားပေးနေတဲ့ လုပ်ရပ်တွေလုပ်ဆောင်နေတာဖြစ်ရပါမယ်။ တနင်္လာနေ့မတိုင်ခင်က ထရမ့်သတ်မှတ်ထားတဲ့ ကြမ်းကြုတ်တဲ့နိုင်ငံစာရင်းတွေကတော့ ဆီးရီးယား၊ ဆူဒန် နဲ့ အီရန် တို့ဖြစ်ပါတယ်။ ဒီလိုအရွေ့တစ်ခုဟာ သင်္ကေတ တစ်ခုအဖြစ်ကျန်ရစ်မယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရင်ကတည်းကလည်း အမေရိကန်ရဲ့ ပိတ်ဆို့မှုကို ခံခဲ့ရပြီးသားဖြစ်လို့ပါပဲ။ ထရမ့်က ဒီအရွေ့ဟာမှန်ကန်တဲ့အရွေ့တစ်ခုဖြစ်တယ်ဆိုတာကို ကြိုးစားတဲ့အနေနဲ့ “မြောက်ကိုးရီးယားရဲ့ အကြမ်းဖက်မှုအားပေးတဲ့လုပ်ရပ်ဟာ နိုင်ငံခြားကမြေဆီလွှာကို ပျက်စီးမှုလုပ်ရင်းကမ္ဘာကို ခြိမ်းခြောက်နေတာဖြစ်တယ်လို့” သူပြောပါတယ်။

ဖေဖော်ဝါရီလတုန်းက ကင်မ် ရဲ့ ပြိုင်ဖက်ဖြစ်နိုင်ခြေရှိတဲ့သူနဲ့ သူ့ရဲ့ အကိုကင်မ်ဂျုံနန်း တို့ဟာ ကွာလာလမ်ပူလေဆိပ်မှာ အာရုံကြောထိခိုက်စေတဲ့ ဖျန်းဆေးနဲ့ တိုက်ခိုက်ခံထိပြီး သေဆုံးခဲ့ပါတယ်။ ဒီလိုလုပ်ကြံသတ်ဖြတ်မှုဟာ ပြုံရမ်းအပေါ်ကို အပြစ်ပုံကျလာပါတယ်။

နောက်ပြီး ထရမ့်ကိုးကားပြောတာက “အမေရိကန်ကျောင်းသား အိုတို ဝမ်ဘီယာ သေဆုံးရတာဟာ မြောက်ကိုးရီးယားရဲ့ဖိနှိပ်မှုတွေ များစွာပါဝင်တယ်လို့” သူကပြောပါတယ်။

ကန့်သတ်မှုတွေဟာ ထရမ့် အာရှကိုလာတဲ့ ၁၂ ရက်ခရီးစဉ် ပြီးနောက်တစ်ပတ်အကြာမှာ ဖြစ်လာတာဖြစ်ပြီး မြောက်ကိုးရီးယားကို ဖိအားပေးဖို့ တရုတ်ကို ပြောဆိုခဲ့တာဖြစ်ပြီး တစ်နေ့နေ့တစ်ချိန်ချိန်မှာ သူဟာ မြောက်ကိုးရီးယားနဲ့ ဆွေးနွေးမှုတွေလုပ်ဆောင်နိုင်မယ်လို့ မျှော်လင့်တယ်လို့ သူ့ခရီးစဉ်အတွင်းမှာ ပြောကြားခဲ့ပါတယ်။

Source: Sky News

Leave a comment

Your email address will not be published.