မြောက်ကိုးရီးယားစစ်သားတစ်ဦးကို မြောက်ကိုးရီးယားစစ်သားများကပစ်ခတ်မှုကြောင့် တောင်ကိုးရီးယားသို့ ထွက်ပြောခဲ့ရ

ဒီဇင်ဘာလ ၂၁ ရက် မနက် ၈နာရီ ၄မိနစ်လောက်တွင် မြောက်ကိုးရီးယားစစ်သားတစ်ဦးသည် မြောက်ကိုးရီးယားနှင့်တောင်ကိုးရီးယားတို့၏ နယ်စပ်စည်းကိုဖြတ်ကျော်ကာ တောင်ကိုးရီးယားဘက်သို့ ထွက်ပြေးခဲ့တယ်လို့ တောင်ကိုးရီးယားစစ်တပ်ပြောခွင့်ရ ရိုဂျေချောင်က ပြောခဲ့ပါတယ်။

နှစ်ဖက်နိုင်ငံနယ်စပ်တွင် စစ်တပ်များ အကြီးကျယ်ချထားတဲ့ကြားကနေ ဖြတ်ကျော်လာတဲ့ မြောက်ကိုးရီးယားစစ်သားကို မြောက်ကိုးရီးယားစစ်သားတွေက လိုက်လံပစ်ခတ်ခဲ့တာကြောင့် တောင်ကိုးရီးယားက သတိပေးတဲ့အနေနဲ့ သေနတ် အချက်၂၀ လောက်ပစ်ခတ်ခဲ့တယ်လို့ တောင်ကိုးရီးယား ယွန်ဟပ်သတင်းတွင် ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ နိုင်ဝင်ဘာလ ၁၉ရက်နေ့မှာလဲ မြောက်ကိုးရီးယားဖက်မှ စစ်သားတစ်ဦးသည် သေနတ်ဒဏ်ရာများစွာနဲ့ တောင်ကိုးရီးယားသို့ ထွက်ပြေးလာနိုင်ခဲ့ပါတယ်။

ထို့ကြောင့် ယခုလို မြောက်ကိုးရီးယားမှ စစ်သားများနယ်စပ်ဖြတ်ကျော်ပြီး တောင်ကိုးရီးယားသို့ ထွက်ပြေးခြင်းသည် ဒုတိယမြောက်ဖြစ်ကြောင်းလဲသိရှိရပါသည်။

Leave a comment

Your email address will not be published. Required fields are marked *