မြောက်ကိုရီးယားဒုံးကျည်ဟာ တစ်နှစ်အတွင်း လန်ဒန်အပေါ်ကျရောက်နိုင်ဟု သတိပေး

ဗြိတိန် စစ်ဗိုလ်ချုပ် က လန်ဒန်မြို့ရဲ့ စစ်တပ်ကို ရည်ရွယ်ချက်နဲ့ ကိုက်ညီမှုရှိအောင်လုပ်ဆောင်နိုင်ခြင်းမရှိဘူးလို့ သုံးသပ်ပြောကြားလိုက်ပြီး မြောက်ကိုးရီးယားရဲ့ ဒုံးကျည်ဟာ လာမယ့် ၁၂ လ ကနေ ၁၈ လ အတွင်း လန်ဒန်မြို့အပေါ်ကို ကျရောက်လာနိုင်တယ်ဆိုတာကို သတိပေးပြောကြားလိုက်ပါတယ်။
ဗိုလ်ချုပ်ကြီး ဆာရစ်ချပ် က ကာကွယ်ရေးရွေးချယ်မှုကော်မတီဟာ ကိုယ့်ကိုယ်ကို ကာကွယ် ဖို့အတွက် ခက်ခဲတဲ့အခြေအနေမှာ ရှိနေပြီး တော်ဝင်ရေတပ်ကို လျှော့ချတာဟာ မိုက်မဲရာကျပြီး တိုက်ခိုက်မှုတွေကြုံလာရင်တော့ တော်လှန်ဖို့အတွက် အခက်အခဲတွေရှိနိုင်ပါတယ်။ “အတ္တဝါဒီတွေလွှမ်းမိုးတဲ့ ခြိမ်းခြောက်မှုတွေ ကျွန်တော်တို့ မြို့အပေါ်ကို နည်းမျိုးစုံနဲ့ရောက်လာနိုင်ပါတယ်လို့” နိုင်ငံရေးပါတီတွေကို ပြောကြားပါတယ်။ “အစွန်းရောက် လုပ်ရပ်လိုမျိုးပုံစံတွေနဲ့ ရောက်လာနိုင်ပြီး လက်နက်တွေဖျက်ဆီး ပစ်တာတွေတွေ့လာရနိုင်ပြီး လန်ဒန်မှာလည်း ဒီလိုလုပ်လာနိုင်ပါတယ်။ ကျွန်မတို့ဟာ ရုရှားနဲ့အလားတူ  နေ့စဉ်ရန်လိုမုန်းတီးမှုတွေနဲ့အတူ ပိတ်မိနေတာဖြစ်တယ်လို့” ဝန်ကြီးချုပ်က အင်္ဂါနေ့က ပြောကြားလိုက်ပါတယ်။

“ကျွန်တော်တို့ဟာ မြောက်ကိုးရီးယားရဲ့ နျူကလီးယားပြုလုပ်မှုတွေကို စောင့်ကြည့်နေကြပြီး လာမယ့် တစ်နှစ် သို့မဟုတ် ၁၈ လ အတွင်းမှာ တိုက် တွေကို ဒုံးကျည်ပစ်လွှတ်ဖို့ရှိနေပြီး လန်ဒန်ပေါ်ကို လည်းကျရောက် လာနိုင်ပြီး အဲ့အချိန်မှာ ဘာမှ ဆွေးနွေးလို့ ရမှာမဟုတ်ပါဘူး။”

“ကျွန်တော်တို့ဟာ စွမ်းဆောင်ရည်ရှိတဲ့ သူတွေရဲ့ အကူအညီကို မရနိုင်တဲ့ ခေတ်မှာနေနေပြီး ဒီအချက်ကလည်း လန်ဒန်အတွက် အားနည်းချက်တစ်ခုဖြစ်တယ်လို့”ပြောပါတယ်။

“လန်ဒန်မြို့ရဲ့ စစ်တပ်ဟာ ပြိုလဲတော့မယ့် အခြေအနေမှာ ရှိနေပြီး အစိုးရရဲ့ အထောက်အပံ့မရှိရင် ပြိုလဲတော့မယ့် အခြေအနေမှာ ရှိတယ်လို့” အငြိမ်းစား ဗိုလ်ချုပ်က ပြောပါတယ်။ “အစိုးရရဲ့ ပထမဆုံး ဆွေးနွေးမှုမှာဖြစ်သင့်တာက ကျွန်တော်တို့ဟာ ကမ္ဘာမှာ ဘယ်လို အန္တာရာယ်တွေနဲ့ ရင်ဆိုင်ရနေတယ်ဆိုတာကို သိဖို့လိုပြီး အဲ့ဒါကို ပြင်ဖို့လိုတယ် လို့” သူကထပ်လောင်းပြောပါတယ်။

စစ်တပ်မှာ ဆာရစ်ချက် က အချိန်တော်တော်ကြာအထိ တာဝန်ထမ်းဆောင်ခဲ့ပြီး အိုင်ယာလန်မြောက်ပိုင်း၊ ကိုဆိုဝို၊ အီရတ် နဲ့ အာဖဂန်နစ္စတန်တွေကို သွားရောက်ဖူးသူလည်းဖြစ်ပါတယ်။

Source: Sky News

Leave a comment

Your email address will not be published. Required fields are marked *