မြောက်ဒဂုံမှ ဆရာတော် ဦးပါမောက္ခအား လူဝတ်လဲပြီး ဖမ်းဆီးခံရ

မြောက်ဒဂုံ မကွေးပရိယတ္တိကျောင်း ဆရာတော် ဦးပါမောက္ခသည် ဒဂုံမြောက်ပိုင်းရှိ လယ်မြေအငြင်းပွားမှုနှင့် ပက်သတ်ပြီး မတရားဖိနှိပ်ခံရတယ်လို့ ယူဆရသူများဘက်မှရပ်တည်ပြီး ဆန္ဒပြဖို့ရန်အတွက် နိုဝင်ဘာလ ၁၂ရက်နေ့တွင် မြို့နယ်ရဲစခန်း၌ ခွင့်ပြုမိန့်သွားတောင်းရာ ဖမ်းဆီးခံလိုက်ရတာဖြစ်တယ်လို့ သိရပါတယ်။

ဖမ်းဖမ်းပြီးချင်း ဆရာတော်ကို တိုင်းသာသနာရုံးသို့ ခေါ်ဆောင်သွားပြီး သိက္ခာချ လူထွက်ခိုင်းရာတွင် ဆရာတော်မှ လုံးဝကို ငြင်းဆန်ခဲ့တယ်လို့သိရပါတယ်။ တိုင်းသံဃာ့ မဟာနာယက ဆရာတော်ကြီးက သိက္ခာချစရာမလိုပဲ လူဝတ်လဲပြီး ခေါ်ဆောင်သွားရင်လည်း သံဃာအဖြင့် သတ်မှတ်လို့ရသေးတယ်ဟု ပြောကြားလိုက်သောကြောင့် ရဲတွေမှ ဆရာတော်ဦးပါမောက္ခအား လူဝတ်လဲစေပြီးနောက် ကားဖြင့်ခေါ်ဆောင်သွားတယ်လို့ ဒကာတစ်ဦး၏ ပြောပြချက်အရ သိရှိရပါတယ်။

ဆရာတော်ကို ဘယ်ကိုခေါ်သွားလည်းမသိရတဲ့အတွက် အင်းစိန်ထောင်မှာ သွားရောက်စုံစမ်းရာ မရောက်ရှိလာသေးသဖြင့် ကမာရွတ်ရဲစခန်းသို့ ဆက်လက်စုံစမ်းသွားမည်ဟုသိရပါတယ်။ ကမာရွတ်ရဲစခန်းဟာ ဆရာတော်ကို ကနဦးထဲက ပုဒ်မ (၅၀၅) ပုဒ်မခွဲ(ခ) ဖြင့် ဖမ်းဝရမ်းထုတ်ထားတာဖြစ်ပြီး အမှုနှင့်ပက်သတ်ပြီး ၂၀၁၇ခုနှစ် မေလ ၁၂ရက်တွေ ကမာရွတ်မြို့နယ် တရားရုံးမှ စစ်ဆေးကြားနာမှုကို ဆရာတော်အနေဖြင့် ပျက်ကွက်ခဲ့တယ်လို့ သိရပါတယ်။

ဆရာတော်ဟာ သူ၏ကျောင်းတွင် လယ်သိမ်းခံ တောာင်သူများဘက်မှ ရပ်တည်ပြီး အပတ်စဉ်ရှင်းလင်းပွဲနှင့် စာတမ်းထုတ်ပွဲတွေ လုပ်နေပြီး ရခိုင်ပြည်နယ်က အကြမ်းဖက်မှုတွေကို ရှုံ့ချပွဲနဲ့ အောင်ဆန်းစုကြည်အား ထောက်ခံပွဲကို ရန်ကန်မြို့ရဲ့ မြို့တော်ခန်းမမှာ ပြုလုပ်ရာတွင် ခေါင်းဆောင်သူတစ်ဦးထဲမှာအပါအဝင်ဖြစ်ပါတယ်။

ဆရာတော်ဟာ ၂၀၁၆ခုနှစ်တွင် ရိုဟင်ဂျာအရေးနှင့်ပတ်သက်ပြီး ဆန္ဒပြခဲ့တဲ့အတွက် နိုင်ငံတော် အကြည်ညိုပျက်မှုနှင့်အမှုဖွင့်ခံထားရတာလည်းဖြစ်ပါတယ်။ ဆရာတော်ဟာ ဒေါ်အောင်ဆန်းစုကြည့် အကျယ်ချုပ်ချထားခံရစဉ်ကာလတည်းက နိုင်ငံရေးလှုပ်ရှားသူများနျှင့် ပူးပေါင်းပါဝင် လှုပ်ရှားခဲ့သူတစ်ဦးဖြစ်ပြီး ၂၀၁၂ နောက်ပိုင်းတွင် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး (မဘသ) အဖွဲ့ဝင်ဖြစ်ခဲ့ပါတယ်။ မနှစ်ကမှ မဘသအဖွဲ့မှ နှုတ်ထွက်ထားတယ်လို့ သိရပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *