မွန်ဘုရင်မကြီး ရှင်စောပုရုပ်ထုတော်ကို သာမညစကြာတာင်တွင် တည်ထားရန် ပန္နက်တင်မင်္ဂလာအခမ်းအနားသို့ မွန်ပြည်နယ် ဝန်ကြီးချုပ်ကိုယ်တိုင် တက်ရောက်

၂၀၁၇ခုနှစ် ဒီဇင်ဘာလ ၁၉ရက် အင်္ဂါနေ့တွင် မွန်ပြည်နယ် ၊မော်လမြိုင်မြို့ ၊နည်းပညာတက္ကသိုလ်အနီး ၊ရိုးဂိုရွာအရှေ့ဘက်ရှိ သာမညစကြာတောင်တော်ကြီးတွင် မွန်ဘုရင်မကြီး ရှင်စောပု၏ ရုပ်ထုတော်ကိုတည်ထားရန်အတွက် ပန္နက်တင်မင်္ဂလာအခမ်းအနားကို ကျင်းပခဲ့ပါတယ်။

ထိုအခမ်းအနားပွဲကို သာမညတောင်ဆရာတော်ဘုရားကြီး၏ တပည့်ဖြစ်သူ သသာမညစကြာတောင်ဆရာတော်ဘုရားကြီး ဦးသောဘနမှ ဦးစီးကျင်းပခဲ့ခြင်းလဲဖြစ်ပါတယ်။

အဆိုပါ ပန္နက်တင်အခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ နှင့်တကွ ရဲတပ်ဖွဲ့ဝင်များ ၊မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဌ ၊မွန်ငြိမ်းချမ်းရေးတပ်ဖွဲ့မှနိုင်တလညီနှင့် အဖွဲ့ဝင်များ ၊မွန်ယဉ်ကျေးမှုမှ အဖွဲ့ဝင်များ အပါအဝင် ရှင်စောပုအဖွဲ့ဥက္ကဠ ဒေါ်ကြင်သန်းနှင့်အဖွဲ့ဝင်များက တက်ရောက်ခဲ့ကြပါတယ်။

အခမ်းအနားပွဲသို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက နံနက် ၇နာရီ ၃၀မိနစ်ခန့်တွင်ရောက်ရှိလာပြီး သာမညသာမညစကြာတောင်ပေါ်တွင် မွန်တို့၏ရိုးရာအစားအစာဖြစ်သော သင်္ကြန်ထမင်းနှင့် ကျွေးမွေးဧည့်ခံခဲ့ပါတယ်။ ထို့နောက် သာမညစကြာတောင်ဆရာတော်ဘုရားကြီးရှိရာ ဝါးနန်းကျောင်းသို့သွားရောက်၍ ဆရာတော်ဘုရားကြီးနှင့်တွေ့ဆုံခဲ့ပါတယ်။

ပန္နတင်အခမ်းအနားကို နံနက် ၈နာရီမှာ စတင်ကျင်းပခဲ့ရာ သက်တော်ရှည် ဖားအောက်တောကျောင်းဆရာတော်ဘုရားကြီးက ကြွရောက်၍ မွန်ဘာသာဖြင့်ငါးပါးသီလချီးမြှင့်ပေးခဲ့ပါတယ်။ ထို့နောက် သာမညစကြာတောင်တောင်ဆရာတော်ဘုရားကြီးမှ အခမ်းအနားကျင့်ပရခြင်းရည်ရွယ်ချက်နှင့် မွန်ဘုရင်မကြီး ရှင်စောပုရုပ်ထုတော်ကို ပြုလုပ်ရခြင်းကြောင့် မွန်တို့အတွက် အလွန်ပင် ဂုဏ်ယူဝမ်းမြောက်ကြောင်းပြောကြားခဲ့ပါသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက “ဆရာတော်အရှင်သူမြတ်တို့၏ ကျေးဇူးတော်ကြောင့် တပည်တော်သည် မွန်လူမျိုးတစ်ဦးအနေနဲ့၎င်း ၊မွန်ပြည်နယ် ဝန်ကြီးအနေနဲ့၎င်း ယခုကျင့်ပတဲ့ မွန်ဘုရင်မကြီးဖြစ်တဲ့ ရှင်စောပုရုပ်ထုတော်တည်ထားဖို့ ပန္နတင်မင်္ဂလာပွဲသို့တက်ရောက်ရတဲ့အတွက် အလွန်ပင်ဝမ်းမြောက်ဂုဏ်ယူမိပါတယ်”လို့ပြော ဝမ်းမြောက်စကားပြောကြားခဲ့ပါတယ်။

ထို့အပြင် “ယခုလို မွန်ဘုရင်မကြီးရှင်စောပုအပါအဝင် မွန်စစ်သူရဲကောင်းတို့၏ အမည်များကို အသိအမှတ်ပြု လုပ်ဆောင်ပေးသည့်အတွက် အရှင်ဘုရားတို့ရဲ့ ကျေးဇူးတော်ဂုဏ်တော်တို့ကို အထူးပင်ကြည်ညိုမိပါတယ် ၊တပည့်တော်သည် မြတ်စွာဘုရားဟောကြားခဲ့သော ရတနသုတ်တရားတော်ကို အစဉ်နှလုံးသွင်းနေထိုင်သူတစ်ယောက်လည်းဖြစ်ပါတယ် ထို့ကြောင့် အရှင်ဘုရားတို့၏ လုပ်ငန်းဆောင်တာများတွင် တပည့်တော်အနေနဲ့လည်း တတ်နိုင်တဲ့ အကူအညီများကိုပေးချင်ပါသောကြောင့် လိုအပ်တဲ့ အကူညီများကိုတပည့်တော်အားပေးခွင့်ပြုပါ”လို့ ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောကြားခဲ့ပါတယ်။

ထို့နောက် ရွှေအိုးလေးလုံးနဲ့အတူ ရွှေအုတ် ငွေအုပ်တို့နှင့် အုတ်မြစ်ချအခမ်းအနားကို ဆက်လက်ကျင်းပခဲ့ပါတယ်။ပန္နတင်အခမ်းအနားသည် နံနက် ၉နာရီ ၃၀မိနစ်တွင် အောင်မြင်စွာပြီးဆုံးခဲ့ပါတယ်။

အခမ်းအနားသို့ ကြွရောက်လာသော ဆရာတော်ကြီးတို့အား ဒေါက်တာအေးဇံက လှူဖွယ်ဝတ္ထုများနှင့် သင်္ကန်းဆက်ကပ်လှူဒါန်းပြီး ပြန်လည် ထွက်ခွဲခဲ့ပါတယ်။ ဝန်ကြီးချုပ်ထွက်ခွာသွားပြီးနောက်တွင် မွန်မလေးများက မွန်ရိုးရာအကတို့နှင့်ကပြဖျော်ဖြေခဲ့ကြပါတယ်။

Leave a comment

Your email address will not be published.