မှားယွင်းသော စားသောက်ပုံစံများ

တစ်ချို့သူတွေက အစားအသောက်ကို မှားယွင်းတဲ့ ရည်ရွယ်ချက်တွေနဲ့ စားသုံးနေကြပါတယ်။ အများစုကတော့ အမျိုးသမီးတွေပါ။ အစားအသောက်တွေကို မှားယွင်းတဲ့ ရည်ရွယ်ချက်တွေနဲ့ စားသုံးကြမယ်ဆိုရင်တော့ ပြီးပြည့်စုံတဲ့ ကောက်ကြောင်းအလှကို ပိုင်ဆိုင်နိုင်မှာ မဟုတ်ပါဘူး။ ဘယ်လိုပုံစံတွေနဲ့ မှားယွင်းစွာ စားသောက်နေထိုင်ကြလဲဆိုတာကို ဖတ်ကြည့်ကြရအောင်။

ချစ်သူနဲ့လမ်းခွဲတဲ့အခါ စားတယ်။

အသည်းကွဲတဲ့ရောဂါကို အစားအသောက်တွေနဲ့ ကုသဖို့ ကြိုးစားတာက တကယ်ကို မှားယွင်းတဲ့ အယူအဆပါ။ ကယ်လိုရီများတဲ့ အစားအစာတွေကို လိုအပ်တာထက် ပိုစားမိတဲ့အခါမှာတော့ ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။

ဗိုက်ပြည့်သွားမှ စားတာရပ်တယ်။

အစာခြေစနစ်မှာ ပြဿနာရှိသူတွေအနေနဲ့ ဗိုက်ပြည့်သွားမှာ စားတာရပ်တာကလည်း အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ အစားအသောက်တွေကို အရမ်းမစားဘဲ ပုံမှန်စားနေကျအတိုင်းပဲ စားသောက်နေထိုင်ပါ။

ကိုယ်စိတ်ထင်သလို စားတယ်။

ဒီနေ့မှာတော့ အစားနည်းတယ်။ နောက်နေ့မှာတော့ အများကြီးစားတယ်။ ဒီလိုအလေ့အကျင့်က ကျန်းမာရေးအတွက် ဆိုးကျိုးတွေ ဖြစ်စေနိုင်တဲ့ အလေ့အကျင့်တစ်ခုပါ။

အစားအသောက်ကို ဆုလက်ဆောင်အနေနဲ့ တွေးတယ်။

ကျန်းမာရေးနဲ့ ညီညွတ်စွာနေထိုင်ရမယ့်အစား ကိုယ်စားချင်သမျှကို ကိုယ့်ကိုယ်ကို ဆုချတဲ့အနေနဲ့ စားသောက်နေထိုင်တာကလည်း မှားယွင်းတဲ့နေထိုင်နည်း တစ်ခုဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကို အပြစ်ပေးတဲ့နေရာမှာ အစားအစာတွေကို အသုံးပြုတယ်။

ကိုယ့်ကိုယ်ကို အပြစ်ပေးတဲ့အနေနဲ့ ထမင်းမစားဘဲနေတယ်။ ပိုစားတယ်။ ဒီလိုအတွေးအခေါ်တွေကလည်း မှားယွင်းတဲ့အတွေးအခေါ်တွေပါ။

စိတ်သက်သာရစေဖို့ အစားစားတယ်။

ဝမ်းနည်းလည်း စား၊ ဝမ်းသာလည်း စား၊ စိတ်ညစ်လည်း စား၊ ပျော်လည်း စား။ စိတ်ခံစားချက်ကို အစားနဲ့ နှစ်သိမ့်တာက ရေရှည်မှာ ဖြတ်ဖို့မရတဲ့ အကျင့်ဆိုးကြီးတစ်ခုကို မွေးမြူသလို ဖြစ်သွားပါလိမ့်မယ်။

Leave a comment

Your email address will not be published.