ယခုခေတ်လူတိုင်းနီးပါးဖြစ်နေကြသော ကျီးပေါင်းအတွက်ဆေးစွမ်းတစ်လက်

အလွန်ပင်နည်းပညာတွေတိုးတက်နေသော ယနေ့ခေတ်တွင် လူတိုင်းနည်းပါးသည် ဖုန်း၊ကွန်ပျူတာ စတဲ့ ခေတ်ပေါ်ပစ္စည်းတွေနဲ့မကင်းကွာနိုင်ကြပါဘူး။ လူငယ်အများမှာလဲ ဖုန်းဂိမ်း၊ကွန်ပျူတာဂိမ်း စသည်တို့ကို အလွန်ပင်ကစားလာကြပါတယ်။ထိုသို့ နည်းပညာတိုးတက်လာသည်နှင့်အမျှ ကောင်းကျိူးများ များစွာဖြစ်ထွန်းလာသလို၊ ဆိုးကျိူးများလဲအနောက်ကလိုက်ပါလာတာလဲ တွေ့ရပါတယ်။ထိုဆိုးကျိုးများထဲမှ အဖြစ်များသော ကျီးပေါင်းကြောင့် ခေါင်းမူးသူများအတွက် ရိုးရှင်းပြီးထိရောက်သော ဆေးကောင်းတစ်ခုကို သိထားသလောက်ကို ဗဟုသုတရစေရန် စာဖတ်ပရိသတ်များအတွက် မျှဝေပေးလိုက်ပါတယ်။

ထိုင်ခုန်မှာထိုင်ရာက အထမှာ မိုက်ခနဲ မူးလွန်းတာမျိူးဖြစ်လာရင် အရင်ဆုံးသွေးတိုင်းကြည့်ပါ၊ သွေးတိုင်းတာလဲပုံမှန်ဖြစ်နေပြီး သွေးချိုလဲမရှိပါက လည်ပင်းကြောရိုး ကျီးပေါင်းကြောင့်မူးတယ်ဆိုတာ သေချာသလောက်ရှိနေပါပြီး။

ထိုသို့ ကျီးပေါင်းကြောင့်ဖြစ်တာဆိုရင်တော့ ဓာတ်ပုံထဲမှာပြထားသော “ဝါးမင်း” လို့ခေါ်တဲ့ ဝါးပင်တစ်ပင်ကိုခုတ်ယူပြီး မနက်တစ်ခါ ညနေတစ်ခါ လည်ပင်းနဲ့ဂုတ်တို့မှာ သွေးလူးပေးခြင်းဖြင့် ပျောက်ကင်းစေနိုင်ပါတယ်။တခြား အရိုးအဆစ်နာနေသူများလည်း အသုံးပြုနိုင်သောကြောင့် အသုံးဝင်တဲ့ဆေးစွမ်းတစ်ခုဖြစ်ပါတယ်။

“စာဖတ်ပရိတ်သတ်တွေ အားလုံး ကျန်းမာချမ်းသာပြီး ဘေးရန်ကင်းကြပါစေကြောင်း “ကျွန်တော်တို့ ဆန်းသစ်မြန်မာအဖွဲ့သားများကဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *