ယနေ့ည MMA ပွဲစဉ်

ယနေ့ ည ၆နာရီ ၃၀မိနစ်တွင် သုဝဏ္ဏကွင်းမှာ ကချင်လူမျိုးဖြစ်တဲ့ မြန်မာတို့ရဲ့ စပါးကြီးမြွေ Aung La N Sang နဲ့ ဘရာဇီးမှ Alexandre Machado တို့ယှဉ်ပြိုင်ထိုးသတ်ကြမှာဖြစ်ပါတယ်။  Aung La N Sang ကတော့ ဒီပွဲစဉ်အတွက် အဆင်သင့် ဖြစ်နေပြီဖြစ်ကြောင်းကို ဖေဖော်ဝါရီလ ၄ရက်နေ့ထဲက Facebook လူမှုကွန်ရက်မှာ ကြေငြာခဲ့ပါတယ်။

ဒီပွဲစဉ်မှာ Aung La တို့ ပွဲအပြင် Phoe Thaw (မြန်မာ) နှင့် Sor Sey (ကမ္ဘောဒီးယား)ပွဲ ၊ Ev Ting (မလေးရှား) နှင့် Ariel Sexton (ထိုင်း)ပွဲ ၊ Dae Hwan Kim (ကိုးရီးယား) နှင့် Daichi Takenaka (ဂျပန်)ပွဲ ၊ Amir Khan (စင်္ကာပူ) နှင့် Timofey Nastyukhin (ရုရှား)ပွဲ ၊ Rodian Menchavez (ဖိလစ်ပိုင်) နှင့် Li Kai Wen (တရုတ်)ပွဲ ၊ Saw Min Min (မြန်မာ) နှင့် Ye Thway Ne (မြန်မာ) တို့ရဲ့ ပွဲတွေလည်း ပါဝင်မှာဖြစ်ပါတယ်။

မိန်းကလေးပွဲ စဉ်အဖြစ်တော့ Bozena Antonitar (မြန်မာ) နှင့် Linn Yon May (မြန်မာ) တို့ ယှဉ်ပြိုင်ထိုးသတ်မှာဖြစ်ပါတယ်။ ဤအစီအစဉ်ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ပံ့ပိုးကူညီထားကြောင်းလည်း သိရှိရပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *