ရခိုင်ဘုရင့်နိုင်ငံတော် ကျရှုံးတဲ့နေ့ အထိမ်းအမှတ်ပွဲကို တားမြစ်သဖြင့် ဆန္ဒပြရာတွင် ပစ်ခတ်မှုဖြစ်ပွား

ရခိုင်ပြည်နယ်မှာ ပြာသိုလ်လကွယ်နေ့ကို ရခိုင်ဘုရင့်နိုင်ငံတော် ကျရှုံးတဲ့နေ့အဖြစ် အထိမ်းအမှတ်ပွဲကို နှစ်စဉ်ကျင်းပမြဲဖြစ်ပါတယ်။

အခုနှစ်မှာလည်း အရင်နှစ်တွေတုန်းကလိုပဲ ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ ပြာသိုလ်လကွယ်နေ့၊ ဇန်နဝါရီလ ၁၆ရက်နေ့ မနက်ပိုင်းတွင် သံဃာတော်များအား ပင့်ဆောင်ပြီး ပရိတ်တရားနာခြင်း၊ စတုဒီတာ ကျွေးမွေးခြင်းတို့ကို ပြုလုပ်ခဲ့ပါတယ်။ ညနေပိုင်းအစီအစဉ်ဖြစ်တဲ့ စာပေဟောပြောပွဲနှင့် ပြဇတ်ပွဲကို ပြုလုပ်ရန်စီစဉ်ထားရာမှာ သက်ဆိုင်ရာအာဏာပိုင်တွေက ခွင့်မပြုကြောင်းကို နေ့လည်တွင် လာရောက်တားမြစ် သဖြင့် လူအုပ်ကြီးက ရဲစခန်းကို ဝိုင်းရံပြီး ဆန္ဒပြမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံများပြောပြချက်အရသိရပါတယ်။

ထိုသို့ ဆန္ဒပြမှုဖြစ်ပွားနေစဉ်မှာပဲ ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။ ထိုပစ်ခတ်မှုကြောင့် လူဆယ်ဦးကျော်ဒဏ်ရာရခဲ့ပြီး ဒဏ်ရာရရှိသူများကို မြောက်ဦးမြို့နယ်ရှိ ဆေးရုံသို့ ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။ ဒဏ်ရာရခဲ့သူများထဲမှ ဆီးခုံဒဏ်ရာရရှိသူဟာ ဆေးရုံမှာ သေဆုံးသွားကြောင်းသိရှိရပါတယ်။

အလားတူပင် ပြာသိုလ်လကွယ်နေ့မှာ ၂၃၃နှစ်မြောက် ရခိုင်ဘုရင့်နိုင်ငံတော်ကျရှုံးသောနေ့ အထိမ်းအမှတ်ပွဲကို ရသေ့တောင်မှာလည်း ပြုလုပ်ခဲ့ပါတယ်။ ထိုပွဲ၏ စာပေဟောပြောပွဲကို တက်ရောက်ဟောပြောခဲ့သူ စာရေးဆရာ ဝေဟင်အောင်ကို နိုင်ငံတော် အကြည်အညိုပျက်စေမှု ပုဒ်မ၅၀၅ ဖြင့် စစ်တွေမြို့မှာ ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *