ရခိုင်လက်နက်ကိုင် AA အဖွဲ့၏ ပစ်ခတ်မှုကြောင့် အရပ်သားများအပါအဝင် တပ်မတော်သား ၁၄ဦးကျရှုံး

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ် နှုံးဘူးကျေးရွာနှင့် ငရှားကျေးရွာတို့ ကြားရှိ ကုလားတန်မြစ်အတွင်းတွင် ဖြတ်သန်းသွားလာခဲ့တဲ့ စစ်သားမျာျးလိုက်ပါလာသော စက်လှေများကို AA လက်နက်ကိုင်တပ်ဖွဲ့များမှ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ရာတွင် အရပ်သား ၃ဦးနှင့် တပ်မတော်စစ်သား ၁၄ ဦးသေဆုံးခဲ့ရပြီး AA အဖွဲ့အနေနဲ့ကတော့ သေဆုံးမှုမရှိခဲ့ကြောင်း အလောင်းများကို ကူသယ်ပေးသော ပလက်ဝဒေသခံ လူငယ်အဖွဲ့၏ တာဝန်ခံ ပြောပြချက်အရသိရပါတယ်။

တိုက်ခိုက်မှု မဖြစ်ပွားသေးမီ နိုဝင်ဘာလ ၇ရက်တွင်လည်း အထက်နှုံးဘူးကျေးရွာမှာ လူ၂ယောက်ကို AA အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ချက်ချင်းပြန်လွှတ်ပေးခဲ့တယ်လို့လည်း သိရပါတယ်။

AA လက်နက်ကိုင်တပ်ဖွဲ့များဟာ ရခိုင်ပြည်နယ်က နေရာတချို့နဲ့ ပလက်၀ အပါအဝင် ချင်းပြည်နယ်က တစ်ချို့သောနေရာတွေမှာ လှုပ်ရှားနေကြတာဖြစ်ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *