ရန္ကုန္တိုင္း ေဒသႀကီးဝန္ႀကီးခ်ဳပ္၏ ေတာင္းပန္စာလက္ခံရရွိေၾကာင္း တပ္မေတာ္မွ ထုတ္ျပန္

၂၀၁၇ ခုႏွစ္ ဇူလိုင္လ ၉ ရက္ေန႕တြင္ ရန္ကုန္တိုင္း၀န္ၾကီးခ်ဳပ္ ဦးျဖိဳးမင္းသိန္း ေျပာၾကားခဲ့သည့္ စကားႏွင့္ပတ္သတ္၍ တပ္မေတာ္အား ျပန္လည္ေတာင္းပန္လိုက္ေၾကာင္း တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ရံုး စာမ်က္ႏွာ အရ သိရွိရသည္။ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ရံုးစာမ်က္ႏွာ၏ ထုတ္ျပန္ခ်က္မွာ ေအာက္ပါအတိုင္း ျဖစ္သည္။

၂၀၁၇ ခုႏွစ္၊ ဇူလိုင္လ ၉ ရက္ေန႔ ရန္ကုန္ၿမိဳ႕၊ ဆီဒိုးနားဟိုတယ္၌ က်င္းပသည့္ ႏိုင္ငံေရးအက်ဥ္းသားမ်ား အတြက္ အလုပ္အကိုင္ဖန္တီးေပးေရး အရပ္ဘက္အဖြဲ႕အစည္းႏွင့္ မီဒီယာစီမံကိန္း အလုပ္ရံုေဆြးေႏြးပြဲတြင္ ရန္ကုန္တိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္က “အရပ္ဘက္ စစ္ဘက္ဆက္ဆံေရးဆိုတာ ဒီမိုကေရစီေခတ္မွာ မရွိေၾကာင္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္ဆိုတာ Protocol အရ ၫႊန္ၾကားေရးမွဴးခ်ဳပ္ Level ပဲျဖစ္ေၾကာင္း” ေျပာၾကားျခင္းႏွင့္ ပတ္သက္၍ လိုအပ္သလို စိစစ္အေရးယူႏိုင္ရန္အတြက္ တပ္မေတာ္အေနျဖင့္ ႏိုင္ငံေတာ္ အစိုးရထံ တင္ျပထားခဲ့ၿပီး ျဖစ္ပါသည္။

အထက္ပါေျပာၾကားမႈႏွင့္ ပတ္သက္၍ ၂၀၁၇ ခုႏွစ္၊ ဇူလိုင္လ ၁၃ ရက္၊ ရက္စြဲျဖင့္ ရန္ကုန္တိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းက တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ထံသို႔ လိပ္မူထားသည့္ ေတာင္းပန္စာအား အျမန္ေခ်ာပို႔လမ္းေၾကာင္းျဖင့္ ေပးပို႔ခဲ့သည္ကို လက္ခံရရွိေၾကာင္း သတင္းရရွိသည္။

Unicode :ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ်၏ တောင်းပန်စာလက်ခံရရှိကြောင်း တပ်မတော်မှ ထုတ်ပြန်

၂၀၁၇ ခုနှစ် ဇူလိုင်လ ၉ ရက်နေ့တွင် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ပြောကြားခဲ့သည့် စကားနှင့်ပတ်သတ်၍ တပ်မတော်အား ပြန်လည်တောင်းပန်လိုက်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး စာမျက်နှာ အရ သိရှိရသည်။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးစာမျက်နှာ၏ ထုတ်ပြန်ချက်မှာ အောက်ပါအတိုင်း ဖြစ်သည်။

၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၉ ရက်နေ့ ရန်ကုန်မြို့၊ ဆီဒိုးနားဟိုတယ်၌ ကျင်းပသည့် နိုင်ငံရေးအကျဉ်းသားများ အတွက် အလုပ်အကိုင်ဖန်တီးပေးရေး အရပ်ဘက်အဖွဲ့အစည်းနှင့် မီဒီယာစီမံကိန်း အလုပ်ရုံဆွေးနွေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က “အရပ်ဘက် စစ်ဘက်ဆက်ဆံရေးဆိုတာ ဒီမိုကရေစီခေတ်မှာ မရှိကြောင်း၊ ကာကွယ်ရေးဦးစီးချုပ်ဆိုတာ Protocol အရ ညွှန်ကြားရေးမှူးချုပ် Level ပဲဖြစ်ကြောင်း” ပြောကြားခြင်းနှင့် ပတ်သက်၍ လိုအပ်သလို စိစစ်အရေးယူနိုင်ရန်အတွက် တပ်မတော်အနေဖြင့် နိုင်ငံတော် အစိုးရထံ တင်ပြထားခဲ့ပြီး ဖြစ်ပါသည်။

အထက်ပါပြောကြားမှုနှင့် ပတ်သက်၍ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်၊ ရက်စွဲဖြင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံသို့ လိပ်မူထားသည့် တောင်းပန်စာအား အမြန်ချောပို့လမ်းကြောင်းဖြင့် ပေးပို့ခဲ့သည်ကို လက်ခံရရှိကြောင်း သတင်းရရှိသည်။

 

Leave a comment

Your email address will not be published. Required fields are marked *