

Unicode :ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းအား လိုအပ်သလို စိစစ်အရေးယူပေးနိုင်ရန် နိုင်ငံတော်အစိုးရထံ တင်ပြ

၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၉ ရက်နေ့ ရန်ကုန်မြို့တွင် USAID နှင့် ပူးပေါင်းကျင်းပခဲ့သည့် နိုင်ငံရေးအကျဉ်းသားများအတွက် အလုပ်အကိုင်ဖန်တီးပေးရေး အရပ်ဘက် အဖွဲ့အစည်းနှင့် မီဒီယာစီမံကိန်း အလုပ်ရုံဆွေးနွေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အရပ်ဘက် စစ်ဘက်ဆက်ဆံရေးဆိုတာ ဒီမိုကရေစီ ခေတ်မှာ မရှိကြောင်း၊ ကာကွယ်ရေးဦးစီးချုပ် ဆိုတာ Protocol အရ ညွှန်ကြားရေးမှူးချုပ် Level ပဲဖြစ်ကြောင်း ပြောကြားခဲ့ခြင်းနှင့် ပတ်သက်၍ လူမှုကွန်ရက်နှင့် ပုံနှိပ် မီဒီယာများတွင် ပျံ့နှံ့လျက်ရှိသဖြင့် နိုင်ငံတော်မှ လိုအပ်သလို စီစစ်အရေးယူပေးရန် တင်ပြထားကြောင်း သိရှိရသည်။

Leave a comment

Your email address will not be published. Required fields are marked *