ရန်ကုန်သို့ ခိုးဝင်ရန်ကြိုးစားခဲ့သော ဘင်္ဂါလီ ၇ဦးကို ဖမ်းမိ

ဖေဖော်ဝါရီလ ၉ရက်နေ့ ညနေပိုင်းတွင် ရန်ကုန်မြို့သို့ ခိုးဝင်ရန် ကြိုးစားခဲ့သည့် ဘင်္ဂါလီ ၇ဦးကို ညောင်တုန်းမြို့နယ်၊ ဗိုလ်မြတ်ထွန်းတံတား စစ်ဆေးရေးဂိတ်တွင် မြို့နယ်ရဲ့တပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပါတယ်။

၎င်းတို့ကို တစ်ဦးလျှင် ၁၆သိန်းဖြင့် လူပွဲစား မောင်ဟင်းမှ ဦးဆောင်ပြီး ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ခေါင်းတုတ်ကျေးရွာမှ ရန်ကုန်မြို့သို့ ဦးအောင်နိုင်ဦးမောင်းသော ကားဖြင့် သယ်ဆောင်လာတာဖြစ်ပါတယ်။ ဘင်္ဂါလီ၇ဦးဟာ အသက် ၃၀ အရွယ် အမျိုးသားတဦးနှင့် ကျန် ၆ ဦးမှာ အသက် ၁၂ အရွယ် မှ အသက် ၁၆ နှစ်အရွယ် ယောက်ျားလေးများဖြစ်ကြပါတယ်။

ဧရာဝတီတိုင်းဒေသကြီးရှိ ဒုရဲမှူးကြီး ခင်မောင်လတ်က “ဘင်္ဂါလီ ၇ ဦးကို လူပွဲစား မောင်ဟင်းက ရန်ကုန်အရောက် တယောက် ၁၆ သိန်းနဲ့ ခေါ်လာတာ။ ဘင်္ဂါလီတွေ နေတဲ့ ခေါင်းတုတ်ကျေးရွာကနေ အမ်းကို လမ်းလျှောက်၊ အမ်းကတဆင့် မင်းတုန်းမြို့ နားက ပုသိမ် – မုံရွာ ကားလမ်းပေါ်ကို လမ်းလျှောက်၊ အဲဒီကနေ ကြုံရာကားစီးလိုက်လာ၊ ကျောင်းကုန်းမြို့နယ် ကံကလေး လမ်းဆုံ ရောက်တော့ နားတယ်။ အဲဒီမှာ ပွဲစားမောင်ဟင်းက ပုသိမ်တက် ကားငှားပြီး ရန်ကုန်တက်ချိန် သတင်း အရ ဗိုလ်မြတ်ထွန်း တံတားမှာ စောင့်ဆိုင်းဖမ်း ဆီးခဲ့တာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

လက်ရှိမှာ ၎င်းတို့ကို ညောင်တုန်းမြို့နယ် မြို့မရဲစခန်းမှာ ထိမ်းသိမ်းထားပြီး ဥပဒေကြောင်းအရ အမှုဖွင့်ရန် စီစဉ်နေကြောင်း သိရှိရပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *