ရယ်မောခြင်းနှင့် ကျန်းမာရေး

ဘဝဆိုတဲ့ ခဏတာအချိန်ကလေးမှာ ပျော်ရွှင်ခြင်းများနဲ့ အသက်ရှင်တာဟာ အကောင်းဆုံးပါပဲ။ ရယ်မောသူသည် အသက်ရှည်သည်၊ ပျော်ပျော်နေ သေခဲ စတဲ့စကားတွေလည်းရှိနေတာဖြစ်ပါတယ်။ တကယ်တော့ ရယ်မောခြင်းဟာ ပျော်ရွှင်မှုအတွက်ပဲ အကျိုးရှိတာမဟုတ်ပဲ ကျန်းမာရေးအတွက်ကိုပါ အထောက်အကူပြုနေပါတယ်။ ရယ်မောခြင်းနဲ့ ဆက်စပ်နေတဲ့ ကျန်းမာရေး ကောင်းကျိုးတွေကို လေ့လာကြည့်ကြရအောင်။

အသက်ရှည်ခြင်း

Archives of General Psychiarty မှာဖော်ပြထားတာကတော့ သူတို့တွေရဲ့ အသက်အရွယ်အလိုက် ရယ်မောပျော်ရွှင်မှုနဲ့ လူတွေရဲ့ သေဆုံးမှုကို စောင့်ကြည့်ချက်တွေအရ အထူးသဖြင့် အသက်ကြီးပိုင်း ၆၅နှစ်မှ ၈၅နှစ် အရွယ်တွေမှာ ရယ်မောပျော်ရွှင်ခြင်းက ပုံမှန်သေဆုံးခြင်းထပ် ၅၅%အထိ လျော့ကျနေတယ်လို့ တွေ့ရှိခဲ့ပါတယ်။

လှုံ့ဆော်မှုစနစ်ကို တိုးမြှင့်စေခြင်း

လှုံ့ဆော်မှုစနစ် ဆိုသည်မှာ မီးကို ကိုင်လိုက်ရင် ပူတယ်လို့ သိနေတာဟာ လှုံ့ဆော်မှုစနစ်က ဦးနှောက်ကို ပူကြောင်းအသိပေးလိုက်တဲ့အတွက် ကြောင့်ဖြစ်ပါတယ်။ လှုပ်ဆော်မှု စနစ်ဟာ အာရုံခံစနစ်နှင့် ဆက်ထားတာဖြစ်ပါတယ်။ ရောဂါကူးစပ်ခံရခြင်းအပါအဝင် အားလုံးသော လည်ပတ်မှုတွေဟာ လှုပ်ဆော်မှုစနစ်က ပြုလုပ်နေတာကြောင့် သိရှိနေတာဖြစ်ပါတယ်။ ရယ်မောခြင်းဟာ လှုပ်ဆော်မှုစနစ်အတွက် လိုအပ်တဲ့ T ဆဲလ်ကို ထွက်ပေါ်စေတာကြောင့် လှုပ်ဆော်မှုစနစ်ကို အားကောင်းစေပါတယ်။

စိတ်ဖိစီးမှုကို လျော့နည်းစေခြင်း

ဝမ်းနည်းခြင်း၊ ပူဆွေး သောကရောက်ခြင်းက စိတ်ဖိစီးမှုကို ဖြစ်ပေါ်စေသလို၊ ရယ်မော ပျော်ရွှင်မှုက စိတ်ဖိစီးမှုကို လျော့ကျစေပါတယ်။ Geriatrics and Gerontology International ရဲ့ ဆောင်းပါးတစ်ခုမှာ ရယ်မောပျော်ရွှင်ခြင်းဟာ အသက်ကြီးပိုင်းတွေမှာ ခံစားရတတ်တဲ့ စိတ်ပိုင်းဆိုင်ရာ ရောဂါတွေကို ကုသနိုင်စွမ်းရှိတယ်လို့ ဖော်ပြထားပါတယ်။

ဆက်ဆံရေးကို ကောင်းမွန်စေခြင်း

လူတိုင်းက အပြုံးမျက်နှာကို နှစ်သက်ကြပါတယ်။ စီးပွားရေးနယ်ပယ်မှာဖြစ်ဖြစ် လုပ်ငန်းခွင်မှာဖြစ်ဖြစ် ပြုံးပျော်စွာ နေထိုင်ခြင်းဟာ လူချစ်လူခင်ပေါများစေသလို ဆက်ဆံရေးပိုင်းမှာလည်း အဆင်ပြေချောမွေ့စေပါတယ်။ ချစ်သူနှစ်ဦး အကြားဆက်ဆံရေး နွေးထွေးချင်ရင် ပြုံးပြုံးနေဖို့ မမေ့ပါနဲ့။ အဖိုအမ သဘာဝအရ အမျိုးသမီးတွေဟာ အမျိုးသားတွေထပ် ၁၂၅% ပိုမို ရယ်မောကြတယ်လို့ သိရှိရပါတယ်။

ကိုယ်အတွင်းပိုင်း အင်္ဂါတွေကိုအားကောင်းစေခြင်း

ရယ်မောနေတဲ့ လူတစ်ယောက်ဟာ ပုံမှန်ထပ် အသက်ကို ပိုရှုတတ်သလို၊ ဝမ်းဗိုက်မှ ကြွက်သားတွေကိုလည်း အလျော့အတင်း လုပ်နေတတ်ပါတယ်။ ရလဒ်ကတော့ လေ့ကျင့်ခန်းလုပ်နေသလို ကိုယ်အတွင်းပိုင်းနှင့် ဗိုက်ကြွက်သားတွေကို ကောင်းမွန်စေပါတယ်။ အကြိမ်း ၁၀၀လောက်ရယ်မောခြင်းဟာ စက်ပေါ်မှာ ၁၀မိနစ်ခန့် လမ်းလျှောက်ခြင်း၊ ၁၅မိနစ်ခန့် စက်ဘီးစီးခြင်းတို့နဲ့ ညီမျှနေပါတယ်။

ကိုယ်အလေးချိန်ကို လျော့ကျစေခြင်း

ရယ်မောနေချိန်မှာ နှလုံးခုန်နှုန်းမြန်နေသလို ဇီဝဖြစ်စဉ်များနှင့် သွေးလည်ပတ်မှုတွေဟာလည်း မြန်နေပါတယ်။ ဒါကြောင့် ကယ်လိုရီလောင်ကျွမ်းမှုကို အထောက်အကူဖြစ်စေတဲ့အတွက် ကိုယ်အလေးချိန်လျော့ကျစေပါတယ်။ တစ်ရက်မှာ အနည်းဆုံး မိနစ် ၂၀လောက် ရယ်မောသင့်ပါတယ်။

နှလုံးကို ကာကွယ်ပေးခြင်း

အရယ်သန်သူတွေမှာ သွေးပေါင်ကို ကျစေနိုင်တဲ့ အားသာချက်ရှိပါတယ်။ ရယ်နေချိန်မှာတော့ သွေးပေါင်ဟာ မြင့်တက်လာစေပါတယ်။ ဒါပေမဲ့ ခဏပါပဲ ချက်ချင်းဆိုသလို သွေးပေါင်ပြန်ကျဆင်းစေပြီး နေလို့ကောင်းသွားစေပါတယ်။ ပုံမှန် ရယ်မောခြင်းဟာ သင့်ရဲ့ နှလုံးကို လေ့ကျင့်ခန်းသလိုပါပဲ။ ဘာလို့လဲဆိုတော့ ရယ်မောနေချိန်မှာ နှလုံးရှိကြွက်သားများဟာ သာမန်အချိန်တွေထပ် လှုပ်ရှားနေရလို့ပါ။ ထို့ကြောင့် သွေးလည်ပတ်မှုကို အားကောင်းစေပြီး နှလုံးရောဂါဖြစ်မှုကို ကာကွယ်ပေးနိုင်ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *