ဘဂၤလီ အေရးကိစၥကို ဆန္႕က်င္ေနပါက မေလးရွားရွိ ျမန္မာႏုိင္ငံသားမ်ားကို ထုတ္ပယ္ရန္ NGO အဖြဲ႕အစည္းမွ မေလးအစိုးရအား တိုက္တြန္း

ရခိုင္ျပည္နယ္တြင္ ျဖစ္ပြားေနေသာ အစြန္းေရာက္ အၾကမ္းဖက္ ဘဂၤလီအေရးကိစၥႏွင့္ပတ္သတ္၍ မြတ္စလင္ NGO အဖြဲ႕အစည္းတစ္ခုမွ မေလးရွားအစိုးရအား ေတြ႕ဆံုခဲ့ေၾကာင္း သိရွိရသည္။

ရခုိင္ျပည္နယ္တြင္ ဘဂၤလီ (သူတို႕အေခၚ-ရိုဟင္ဂ်ာ) အၾကမ္းဖက္မ်ားကို ဆန္႕က်င္တုိက္ခိုက္ေနသည့္ လႈပ္ရွားေဆာင္ရြက္ခ်က္မ်ားကို ဆက္လက္ေဆာင္ရြက္ေနပါက မေလးရွားရွိ ျမန္မာႏုိင္ငံသားမ်ားကို ထုတ္ပယ္ရန္ အဆိုပါ NGO အဖြဲ႕အစည္းတစ္ခုမွ မေလးရွား အစိုးရအား တင္ျပခဲ့သည္။

မေလးရွား အစၥလာမ္အဖြဲ႕အစည္းမ်ား၏ အတုိင္ပင္ခံေကာင္စီမွ ” ဒီလို ရက္စက္ယုတ္မာမႈမ်ိဳးကို ဒီထက္ပိုျပီး သည္းမခံႏုိင္ေတာ့ဘူး ” ဟု ေျပာၾကားခဲ့သည္။

မေလးရွားႏုိင္ငံ ျမန္မာသံရံုးေရွ႕တြင္ မေလးရွားျပည္သူမ်ား စုရံုးဆႏၵျပေနၾကျပီး မေလးရွား အစၥလာမ္အဖြဲ႕အစည္း ဥကၠဌ Mohd Azmi Abdul Hamid  မွ ” ျမန္မာႏိုင္ငံသားေတြ ဒီမွာ အလုပ္လုပ္စရာမလိုဘူး၊ အိမ္ျပန္ေတာ့၊ ဒီႏိုင္ငံမွာ ျမန္မာႏုိင္ငံသား မရွိလဲ ဘာမွမျဖစ္သြားဘူး၊ ဒီမွာ ဆက္ေနဖို႕ မလိုေတာ့ဘူး ” ဟု ေျပာခဲ့သည္။

ေန႕လည္ ၁၁ နာရီခန္႕တြင္ မေလးရွားႏိုင္ငံ ျမန္မာသံရံုးအေရွ႕၌ လူထုဆႏၵျပမႈေၾကာင့္ မေလးရွားရဲမ်ား လံုျခံဳေရး ယူထားရျပီး ဘဂၤလီ ( သူတို႕အေခၚ- ရုိဟင္ဂ်ာ)မ်ားကို ႏွိပ္စက္ေနမႈအား ရံႈ႕ခ်ေၾကာင္း ပံုႏွင့္စာတြဲ၍ စုေပါင္း ဆႏၵျပေၾကာင္း သိရွိရပါတယ္။ သက္ဆိုင္ရာမွ ေထာက္ခံစာမပါဘဲ ဆႏၵျပသူအခ်ိဳ႕အား ဖမ္းဆီးခဲ့ေၾကာင္း သိရပါတယ္။

မေလးရွားအစၥလာမ္အဖြဲ႕အစည္းမ်ား အတိုင္ပင္ခံေကာင္စီ ဥကၠဌ အားေတြ႕ရစဥ္

မေလးရွား အစၥလာမ္အဖြဲ႕အစည္း ဥကၠထ Mohd Azmi Abdul Hamid မွ ” ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ျငိမ္းခ်မ္းေရး ႏိုဗယ္ဆုကိုလည္း ျပန္သိမ္းသင့္တယ္ ” ဟု ေျပာခဲ့သည္။ ” ဒီကိစၥအတြက္ ေဒၚေအာင္ဆန္းစုၾကည္ဟာ တရားခံ ျဖစ္တယ္၊ သူမ ဟာ တပ္မေတာ္နဲ႕ တူတူဘဲ” ဟု ေျပာခဲ့ျပီး ” ျမန္မာႏုိင္ငံသားေတြဟာ လူ႕အခြင့္အေရးနဲ႕ ဒီမိုကေရစီအတြက္ သင့္ဘက္က ရပ္တည္ေပးခဲ့ေပမယ့္ ဒီခ်ိန္မွာ သရုပ္မွန္ကို ေဖာ္ျပလုိက္ျပီ ” ဟု ဆက္လက္ ေျပာဆိုခဲ့သည္။

Source : The Star.com.my

Unicode : ရိုဟင်ဂျာအရေးကိစ္စကို ဆန့်ကျင်နေပါက မလေးရှားရှိ မြန်မာနိုင်ငံသားများကို ထုတ်ပယ်ရန် NGO အဖွဲ့အစည်းမှ မလေးအစိုးရအား တိုက်တွန်း

rohingya

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော အစွန်းရောက် အကြမ်းဖက် ဘင်္ဂလီအရေးကိစ္စနှင့်ပတ်သတ်၍ မွတ်စလင် NGO အဖွဲ့အစည်းတစ်ခုမှ မလေးရှားအစိုးရအား တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။

ရခိုင်ပြည်နယ်တွင် ဘင်္ဂလီ (သူတို့အခေါ်-ရိုဟင်ဂျာ) အကြမ်းဖက်များကို ဆန့်ကျင်တိုက်ခိုက်နေသည့် လှုပ်ရှားဆောင်ရွက်ချက်များကို ဆက်လက်ဆောင်ရွက်နေပါက မလေးရှားရှိ မြန်မာနိုင်ငံသားများကို ထုတ်ပယ်ရန် အဆိုပါ NGO အဖွဲ့အစည်းတစ်ခုမှ မလေးရှား အစိုးရအား တင်ပြခဲ့သည်။

မလေးရှား အစ္စလာမ်အဖွဲ့အစည်းများ၏ အတိုင်ပင်ခံကောင်စီမှ ” ဒီလို ရက်စက်ယုတ်မာမှုမျိုးကို ဒီထက်ပိုပြီး သည်းမခံနိုင်တော့ဘူး ” ဟု ပြောကြားခဲ့သည်။

မလေးရှားအစ္စလာမ်အဖွဲ့အစည်းများ အတိုင်ပင်ခံကောင်စီ ဥက္ကဌ အားတွေ့ရစဉ်

မလေးရှားနိုင်ငံ မြန်မာသံရုံးရှေ့တွင် မလေးရှားပြည်သူများ စုရုံးဆန္ဒပြနေကြပြီး မလေးရှား အစ္စလာမ်အဖွဲ့အစည်း ဥက္ကဌ Mohd Azmi Abdul Hamid မှ ” မြန်မာနိုင်ငံသားတွေ ဒီမှာ အလုပ်လုပ်စရာမလိုဘူး၊ အိမ်ပြန်တော့၊ ဒီနိုင်ငံမှာ မြန်မာနိုင်ငံသား မရှိလဲ ဘာမှမဖြစ်သွားဘူး၊ ဒီမှာ ဆက်နေဖို့ မလိုတော့ဘူး ” ဟု ပြောခဲ့သည်။

နေ့လည် ၁၁ နာရီခန့်တွင် မလေးရှားနိုင်ငံ မြန်မာသံရုံးအရှေ့၌ လူထုဆန္ဒပြမှုကြောင့် မလေးရှားရဲများ လုံခြုံရေး ယူထားရပြီး ဘင်္ဂလီ ( သူတို့အခေါ်- ရိုဟင်ဂျာ)များကို နှိပ်စက်နေမှုအား ရှုံ့ချကြောင်း ပုံနှင့်စာတွဲ၍ စုပေါင်း ဆန္ဒပြကြောင်း သိရှိရပါတယ်။ သက်ဆိုင်ရာမှ ထောက်ခံစာမပါဘဲ ဆန္ဒပြသူအချို့အား ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။

မလေးရှားအစ္စလာမ်အဖွဲ့အစည်းများ အတိုင်ပင်ခံကောင်စီ ဥက္ကဌ အားတွေ့ရစဉ်

မလေးရှား အစ္စလာမ်အဖွဲ့အစည်း ဥက္ကထ Mohd Azmi Abdul Hamid မှ ” ဒေါ်အောင်ဆန်းစုကြည်ရဲ့ ငြိမ်းချမ်းရေး နိုဗယ်ဆုကိုလည်း ပြန်သိမ်းသင့်တယ် ” ဟု ပြောခဲ့သည်။ ” ဒီကိစ္စအတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ တရားခံ ဖြစ်တယ်၊ သူမ ဟာ တပ်မတော်နဲ့ တူတူဘဲ” ဟု ပြောခဲ့ပြီး ” မြန်မာနိုင်ငံသားတွေဟာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအတွက် သင့်ဘက်က ရပ်တည်ပေးခဲ့ပေမယ့် ဒီချိန်မှာ သရုပ်မှန်ကို ဖော်ပြလိုက်ပြီ ” ဟု ဆက်လက် ပြောဆိုခဲ့သည်။

Source : The Star.com.my

Leave a comment

Your email address will not be published.