ရိုဟင်ဂျာတွေရဲ့ လူ့အခွင့်ရေးနဲ့ ပတ်သတ်ပြီး ကုလသမဂ္ဂမှ အထူးအစည်းအဝေးခေါ်ယူကျင်းပ

ဒီဇင်ဘာလ ၅ရက်နေ့မနက်တွင် ဆွစ်ဇလန်နိုင်ငံ ဂျနီဗာမြို့ရှိ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီတွင် မြန်မာနိုင်ငံ ရခိုင်ပြည်ရှိ ရိုဟင်ဂျာနဲ့ တခြားလူနည်းစုတွေရဲ့ လူ့အခွင့်အရေးနဲ့ ပတ်သတ်ပြီး အထူးအစည်းအဝေးခေါ်ယူကျင့်ပခဲ့ပါတယ်။

ထိုအစည်းအဝေးတွင် ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်အကြီးအကဲက ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်မှုကျူးလွန်သူတွေကို နိုင်ငံတကာပြစ်မှုဆိုင်ရာ စုံစမ်းမှုတွေပြုလုပ်ဖို့တောင်းဆိုခဲ့ပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်မင်းကြီး ဇအစ်အယ်လ်ဟူစိန်က ရိုဟင်ဂျာတွေအပေါ်မှာ ကျယ်ကျယ်ပျံ့ပျံ့ ၊စနစ်တကျနဲ့ ကြောက်စရာကောင်းပြီး လူမပီသတဲ့ တိုက်ခိုက်မှုတွေ ဆယ်စုနှစ်များစွာ ဖိနှိပ် ခွဲခြားဆက်ဆံမှုတွေကို အပြစ်တင်ရှုတ်ချခဲ့ပါတယ်။

အဆိုပါအစည်းအဝေးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နှင့် ဆော်ဒီအာရေးဗျနိုင်ငံတို့ တောင်းဆိုခဲ့မှုတွေအပေါ် အမေရိကန်နှင့် ယူကေ အပါအဝင် နိုင်ငံပေါင်း ၇၃နိုင်ငံက ထောက်ခံပေးခဲ့တာကြောင့် ကျင်းပတာလို့လဲသိရပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *