ရုပ်ရှင်မင်းသမီး Diahann Carroll အသက် ၈၄ နှစ်တွင် ကွယ်လွန်

အမေရိကန် ရုပ်ရှင်မင်းသမီးကြီး၊အဆိုတော်Diahann Carroll ဟာ အသက် (၈၄)နှစ်တွင် Los Angeles ရှိ သူမ ၏နေအိမ်၌ အောက်တိုဘာလ (၄)ရက် သောကြာနေ့မှာ ကင်ဆာရောဂါဖြင့် ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း သူမ မိသားစု များ၏ ပြောပြချက်အရ သိရပါတယ်။

Diahann Carroll ဟာ ၁၉၆၂ ခုနှစ်တွင် Tony Award ကချီးမြှင့်တဲ့ အကောင်းဆုံး သရုပ်ဆောင်မင်းသမီးဆုကို လူမဲအမျိုးသမီးတွေထဲမှာ ပထမဦးဆုံး ရရှိခဲ့သူဖြစ်ပါတယ်။ ၁၉၇၅ ခုနှစ်မှာလည်း Oscar ဆုကြီးကို ရရှိခဲ့တဲ့အပြင် TV ဇာတ်လမ်းတွဲအတော်အများမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

သူမနာမည်ကြီးခဲ့တဲ့ ဇာတ်ကောင် တွေကတော့ Dynasty နှင့် Julia ပဲဖြစ်ပါတယ်။ Julia ဆိုတဲ့ ဇာတ်ကောင်ကတော့ အမေရိကန် ရုပ်ရှင်လောကရဲ့ ဟာသသရုပ်ဆောင်ပိုင်းတွင် လူမဲအဖြစ်ပထမဦးဆုံးပါဝင်လာခဲ့တဲ့ ဇာတ်ကောင် ဖြစ်ပါ တယ်။ နောက်ပိုင်း ၁၉၈၀ခုနှစ်တွေမှာတော့ Dominique Deveraux ရဲ့ အစီအစဉ်ဖြင့် Dynasty ဆိုပြီး နာမည် ကြီး ခဲ့ပါတယ်။

Source : BBC News

Leave a comment

Your email address will not be published. Required fields are marked *