ရုရှားက ဖမ်းထားတဲ့ ဝေလငါးအကောင် ၁၀၀ ကို ပြန်လွှတ်ပေး

ပြီးခဲ့တဲ့နှစ်က ရုရှားဟာ သုတေသနနှင့် သိပ္ပံလုပ်ငန်းဆိုင်ရာတွင် စမ်းသပ်မှုများပြုလုပ်ရန်အတွက် Okhotsk ပင် လယ်ထဲမှ ဝေလငါးအကောင်(၁၀၀)လောက်ကို ဖမ်းလာခဲ့ပြီး သူတို့နေထိုင်တဲ့နေရာရဲ့ တောင်ဘက်ကီလိုမီတာ 1,300 (မိုင်800 ) လောက်ဝေးတဲ့ Nakhodka မြို့ဆိပ်ကမ်းတွင် ရေကန်ငယ်လေးဖြင့် ချုပ်နှောင်ထားတာဖြစ်ပါတယ်။ ၎င်း နေရာကို လူများကတော့ ဝေလငါးထောင်လို့ တင်စားခေါ်ဝေါ်နေကြပါတယ်။ ၎င်းဝေလငါးများကို ပြန်လွှတ် ပေးဖို့ရန် အတွက် သုတေသီများအပြင် နာမည်ကြီး Celebrities တွေကပါ တောင်းဆိုလာကြသဖြင့် ဇွန်လ (၂၀)ရက် ကြာသပ တေးနေ့မှာတော့ လွှတ်ပေးလိုက်ပြီးဖြစ်ပါတယ်။

ကျွမ်းကျင်ပညာရှင်များ၏ ပြောပြချက်အရ ဝေလငါးများဟာ သူတို့ရဲ့ ခန္ဓာကိုယ်နွေးဖို့ရန်အတွက် တစ်ရက်ကို အနည်း ဆုံး ၁၀ ကီလိုမီတာလောက် ရေကူးပေးရပါတယ်။ ယခုလို ကန်သေးသေးလေးမှာ ချုပ်နှောင်ထားတဲ့အတွက် ဝေလငါး များဟာ ရေမကူးနိုင်တဲ့အတွက် သူတို့ရဲ့ ခန္ဓာကိုယ်တွေဟာ အေးလာကာနာမကျန်းဖြစ်လာပါတယ်။ဒါ့ကြာင့် ၎င်းဝေ လငါးများကို ပြန်လွှတ်ပေးဖို့ရန်အတွက် တောင်းဆိုလာကြတာဖြစ်ပါတယ်။

ဝေလငါးများကို သတ်ဖြတ်တဲ့လူများအပြင် ပင်လယ်ဓားပြများဟာ တရားမဝင်ဖမ်းဆီးကာ ရောင်းချမှုများရှိနေတဲ့ အ တွက် ပြန်လွှတ်ဖို့ကို ဆုံးဖြတ်ချက်ချရခက်နေတာဖြစ်ပါတယ်။ သို့သော် ပြီးခဲ့တဲ့အပတ်က ဂျပန်ပင်လယ်ထဲတွင် ဝေလ ငါးများကိုသတ်သူ (၁၁)ဦးနှင့် ပင်လယ် ဓားပြ(၈၇)ဦးတို့ကို ဖမ်းဆီးနိုင်ခဲ့တာဖြစ်တဲ့အတွက် ပြန်လွှတ်ပေးဖို့ရန် ဆုံးဖြတ် ချက်ချနိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ရုရှားသမ္မတ ဗလာဒီမာပူတင်ကတော့ အခုလို ဝေလငါးများကို ပြန်လွှတ်ဖို့ရန်အတွက် ဆုံးဖြတ်ချက်ချနိုင်ခဲ့တဲ့အတွက် ချီးကျူးဂုဏ်ပြုကြောင်း ပြောကြားခဲ့ပါတယ်။ ယခုလွှတ်လိုက်တဲ့ ဝေလငါးများရဲ့ တန်ဖိုးဟာ ဒေါ်လာ သန်း၁၀၀လောက် ရှိ တယ်လို့ သိရှိရပါတယ်။ ပင်လယ်ဓားပြများဟာ ဖမ်းမိတဲ့ ဝေလငါးတစ်ကောင်ကို ဒေါ်လာ ၁သောင်းကျော်ဖြင့် ပြန်လည် ရောင်းချနေတာဖြစ်တယ်လို့ သိရှိရပါတယ်။ အခုလို မျိုးတုံးတော့မယ့် မြေပေါ်ရေအောက် သတ္တဝါများကို နိုင်ငံတကာ က ဥပဒေများဖြင့် ကာကွယ်မှုပေးပြီး အရေးယူဆောင်ရွက်နေသော်လည်း ယခုအချိန်အထိ တရားမဝင်ဖမ်းဆီး ရောင်း ဝယ်မှုတွေကတော့ ဆက်လက်ရှင်သန်နေဆဲဖြစ်ပါတယ်။

Source : BBC News

Leave a comment

Your email address will not be published. Required fields are marked *