ရုရှားနိုင်ငံရဲ့ ထူးခြားချက်များ

ရုရှားနိုင်ငံလို့ပြောလိုက်တာနဲ့ နှင်းတွေ၊ ရေခဲပြင်တွေက သင့်အတွေးထဲကို အရင်ဆုံးရောက်လာပါလိမ့်မယ်။ ဒါပေမဲ့ ရုရှားနိုင်ငံမှာ နှင်းတွေ၊ ရေခဲပြင်တွေအပြင် အခြားစိတ်ဝင်စားစရာကောင်းတာတွေလည်း အများကြီးရှိသေးတာကြောင့် လေ့လာကြည့်ကြရအောင်။

ရုရှားနိုင်ငံမှာရှိတဲ့ Baikal ရေကန်ကြီးက မအေးခဲဘဲ သန့်ရှင်းတဲ့ရေတွေနဲ့ပြည့်နေတဲ့ ရေကန်ကြီးဖြစ်ပါတယ်။

ရုရှားနိုင်ငံရဲ့ Bank note တွေမှာ မျက်စိမမြင်တဲ့သူတွေအတွက် မျက်မမြင်စာတွေပါရိုက်နှိပ်ထားပါတယ်။

ရုရှားနိုင်ငံရဲ့ dialing code ကတော့ 007 ဖြစ်ပါတယ်။

မော်စကိုမြို့က ဥရောပမှာ အကြီးဆုံးမြို့တစ်မြို့ဖြစ်ပြီး လူဦးရေ (၁၃) သန်းရှိပါတယ်။ ထို့ပြင် ဥရောပမှာ မြေအောက်ရထားစနစ်သုံးစွဲမှုအများဆုံးဖြစ်ပြီး နေ့စဉ် လူဦးရေ (၆) သန်းခန့် အသုံးပြုနေကြပါတယ်။ လန်ဒန်မြို့ကတော့ ဥရောပမှာ ဒုတိယအကြီးဆုံးမြို့ဖြစ်ပါတယ်။

ရုရှားနိုင်ငံမှာ တည်ရှိနေတဲ့ Elbrus တောင်က ဥရောပမှာအမြင့်ဆုံးတောင်ဖြစ်ပြီး ၅၆၄၂ မီတာ မြင့်မားပါတယ်။

ရုရှားနိုင်ငံအရှေ့ဘက်စွန်းမှာတည်ရှိတဲ့ Klyuchevskaya Sopka မီးတောင်က ဥရောပမှာရော၊ အာရှမှာပါ အမြင့်ဆုံး မီးတောင်ရှင်ဖြစ်ပါတယ်။

ဒါ့အပြင် ရုရှားနိုင်ငံရှိ Volga မြစ်ကလည်း ဥရောပမှာ အရှည်ဆုံးမြစ်ကြီးတစ်စင်းဖြစ်ပါတယ်။

ရုရှားနိုင်ငံဟာ ကမ္ဘာ့နိုင်ငံများထဲမှာ စိုက်ပျိုးမြေကောင်းမွန်တဲ့ နိုင်ငံ ၁၀ ရာခိုင်နှုန်းထဲမှာ ပါဝင်နေတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။

ရုရှားနိုင်ငံမှာ ရုရှားလူမျိုး ၈၀% နေထိုင်ကြပြီး အခြားလူမျိုးစု (၁၆၀) ကျော် နေထိုင်ကြပါတယ်။

Leave a comment

Your email address will not be published.