ရုရှားမှာ Su-30 တိုက်လေယာဉ် ၆စီးကို မြန်မာ့တပ်မတော်အား ရောင်းချရန် သဘောတူ

၂၀၁၅ ခုနှစ်က ဆီးရီးယားပဋိပက္ခတွင် ရုရှားကကြားဝင်ခဲ့ပြီး စစ်မြေပြင်ပေါ်တွင် အသုံးပြုခဲ့သော Su-30 တိုက်လေယာဉ် ၆စီးကို မြန်မာ့တပ်မတော်အား ရောင်းချပေးမယ်လို့ ရုရှား ဒုကာကွယ်ရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး အလက်ဇန္ဒားဖိုမင်က တနင်္လာနေ့က ထုတ်ဖော်ပြောဆိုခဲ့ကြောင်း ရုရှားသတင်းများမှ သိရပါတယ်။

ဒီလေယာဉ်တွေကို ဇူလိုင်လက အင်ဂျင် ၂လုံးတပ်ဆင်သည့် စနစ်ကို တိုးတက်ပြောင်းလဲထားတာဖြစ်ပြီး ဘက်စုံသုံး ဂျက်လေယာဉ်အမျိုးအစားဖြစ်အောင် အဆင့်မြှင့်ထားတယ်လို့သိရပါတယ်။ လေယာဉ်၏တန်ဖိုးနှင့် တင်ပို့ရောင်းချမည့် အချိန်တွေကိုတော့ အသေးစိတ်မသိရှိရသေးပါ။

ရုရှား ဒုကာကွယ်ရေး ဝန်ကြီးဖိုမင် က “ယခုရောင်းချမယ့် Su-30 ဂျက်တိုက်လေယာဉ်တွေဟာ အကြမ်းဖက်မှု ကာကွယ်ရေးနှင့် အကြမ်းဖက်မှု ခြိမ်းခြောက်မှုတွေကို တွန်းလှန်နိုင်ဖို့ မြန်မာ့လေတပ်အတွက် အဓိက အားထားရမယ့် တိုက်လေယာဉ်တွေဖြစ်လာလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ဒီလို တိုက်လေယာဉ်ရောင်းချမယ့် သဘောတူညီချက်ဟာ ရုရှားရဲ့ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ဆာဂေးရွှိုင်ဂူ မြန်မာနိုင်ငံသို့ လာရောက်ပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး ဦးမင်းအောင်နိုင် အပါအဝင် တပ်မတော်ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ပြီးနောက် ယခုသီတင်းပတ်အကုန်တွင် ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပါတယ်။

ရုရှားနှင့် မြန်မာတို့ ပူပေါင်း၍ ကြီးမားသည့် စစ်ရေးလေ့ကျင့်မှုပြုလုပ်ရန် အစီအစဉ်ကို စတင်ရန် အသင့်ဖြစ်နေပြီးဖြစ်ကြောင်းကို စနေနေ့က ရုရှားသတင်းဌာန တာ့စ်က ထုတ်ပြန်ခဲ့ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *