ရုရှားရေငုပ်သင်္ဘောက အာတိတ်သမုဒ္ဒရာထဲသို့ ပဲ့ထိန်းဒုံးကျည်(၂)လုံး စမ်းသပ်ပစ်လွှတ်

ပြီးခဲ့တဲ့ (၂)ပတ်လောက်က ရုရှားရဲ့ လျှို့ဝှက်မြို့တော် Sarov တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားရာ ရုရှားရဲ့ နယူကလီးယား ကျွမ်းကျင်လုပ်သား(၅)ဦး သေဆုံးခဲ့ပါတယ်။ ထိုအမှုတွင်နယူကလီးယားနဲ့ပတ်သက်တဲ့အရိပ်အရောင်တစ်ခုမှ မတွေ့ရ သော်လည်း ရေဒီယိုသတ္တုကြွမှု အနည်းငယ်ဖြစ်ပွားခဲ့တယ်လို့ ရုရှားစစ်ဌာန၏ ပြောပြချက်အရသိရပါတယ်။

ထိုကိစ္စဖြစ်ပွားပြီးနောက် ဩဂုတ်လ (၂၄)ရက် စနေနေ့မှာတော့ အာတိတ်သမုဒ္ဒရာနှင့် Barents ပင်လယ်တို့တွင် ရုရှားရေငုပ်သင်္ဘောများမှ ပဲ့ထိန်းဒုံးကျည် (၂)လုံးကို ပစ်လွှတ်ခဲ့တာဖြစ်ကြောင်း ရုရှားစစ်ဌာန၏ ထုတ်ပြန်ချက် အရသိရပါတယ်။ ထိုဒုံးကျည်များက သာမာန်ဒုံးကျည်များဖြစ်ပြီး ပစ်လွှတ်မှုဟာလည်း စစ်ရေးလေ့ကျင့်ခြင်းအတွက် ဖြစ် ကြောင်းသိရပါတယ်။

ရုရှားဟာ နယူကလီးယားလက်နက်တပ်ဆင်ထားသည့် Tula နှင့် Yuri Dolgoruky အမည်ရှိရေငုပ်သင်္ဘောတို့က Sineva နှင့် Bulava ပဲ့ထိန်းဒုံးကျည်ကို အာတိတ်သမုဒ္ဒရာ Circumpolar ဒေသနှင့် Barents ပင်လယ်တို့မှ စမ်းသပ်ပစ်လွှတ်ခဲ့တာဖြစ်ကြောင်းကို ရုရှားစစ်ဌာနက ရုပ်သံဗီဒီယိုနဲ့တကွ Twitter လူမှုကွန်ရက်မှာ ဖော်ပြထားပါ တယ်။

Source : CNN News

Leave a comment

Your email address will not be published. Required fields are marked *