ရုရှားရေတပ်၏ စစ်ဘက်ဆိုင်ရာသုံး ဝေလငါးအဖြူတစ်ကောင်ကို နော်ဝေး ကမ်းရိုးတန်းတွင်တွေ့ရှိ

ပြီးခဲ့တဲ့အပတ်က နော်ဝေး အရှေ့မြောက်ဘက်ရှိ Finnmark ကမ်းရိုးတန်းမှာ အဖြူရောင်ဝေလငါးတစ်ကောင်ကို ငါး ဖမ်းသမား Joar Hesten က တွေ့ရှိခဲ့ပါတယ်။ ဝေလငါးဟာ သာမန်ဝေလငါးကဲ့သို့မဟုတ်ဘဲ ခန္ဓာကိုယ်မှာ ခါးပတ် လို ကြိုးများနဲ့ ပတ်ထားတာကို တွေ့ခဲ့ရပါတယ်။ ဒါ့ကြောင်း Joar Hesten ဟာ ငါးဖမ်းဌာနရဲ့ ညွှန်ကြားရေးမှူးကို အ ကြောင်းခဲ့တယ်လို့ သိရပါတယ်။

အဲဒီဝေလငါးဟာ အလွန်ယဉ်ပါးပြီး လေ့ကျင့်ပေးထားတဲ့ ငါးတစ်ကောင်လို ဖြစ်နေပါတယ်။ငါးဖမ်းဌာနမှ ညွှန်မှူး Jorgen Ree Wiig ပြောပြချက်အရ အဲဒီဝေလငါးဟာ ရုရှားရေတပ်မှ စနစ်တကျလေ့ကျင့်ပေးထားတဲ့ ငါးဖြစ်နိုင် ကြောင်း သိရှိရပါတယ်။ငါးရဲ့ ခန္ဓာကိုယ်မှာ တပ်ထားတဲ့ ခါးပတ်မှာ ရေထဲမှာVideo ရိုက်နိုင်တဲ့ GoPro ကင်မရာ တပ်ဆင်လို့ရတဲ့ အိမ်ကလေး ပါဝင်တယ်လို့ သိရပါတယ်။ဝေလငါးဟာ Wing အား သူ့ခန္ဓာကိုယ်မှာ ရှိနေတဲ့ ခါး ပတ်ကို အမူအရာပြကာ ဖြုတ်ခိုင်းခဲ့တဲ့အတွက် Wiig က ဖြုတ်ပေးပြီး အစာကျွေးကာ ငါးကို လွှတ်ပေးလိုက်တယ်လို့ သိရ ပါတယ်။Jorgen Ree Wiig က အခုလိုလိမ္မာတဲ့ ဝေလငါးကို လွှတ်ပေးလိုက်ရတဲ့ ခံစားချက်ဟာ သူ့ဘဝမှာ အရမ်း ကောင်းတဲ့ ခံစားချက်တစ်ခုပဲလို့ ပြောခဲ့ပါတယ်။

ရုရှားရေတပ်ဟာ လွန်ခဲ့တဲ့ နှစ်တွေကတည်းက ဝေလငါးတွေ လင်းပိုင်တွေကို ရေအောက်ထဲမှာ ပစ္စည်းတွေ ရှာ ဖွေခိုင်းခြင်း၊ဒုံးကျည်တွေသယ်ဆောင်ခိုင်းခြင်း၊အစရှိတဲ့ စစ်ဘက်ဆိုင်ရာလုပ်ငန်းတွေမှာ အသုံးပြုဖို့အတွက် မွေးမြူပြီး လေ့ကျင့် သင်ကြားပေးနေတာ ဖြစ်ပါတယ်။

Source : CNN News

Leave a comment

Your email address will not be published. Required fields are marked *