ရုရှားရဲ့မြို့တစ်မြို့ဖြစ်တဲ့ စိန့်ပီတာစပတ်ကဈေးမှာ တိုက်ခိုက်မှုဖြစ်ခဲ့ပါတယ်။

တိုက်ခိုက်မှုဟာ ဗုဒ္ဓဟူးနေ့မှာဖြစ်ပွားခဲ့ပြီး လူပေါင်း ၁၄ ဦးလောက်ဒဏ်ရာရရှိခဲ့ပါတယ်။ IS ရဲ့ သတင်းအေဂျင်စီ တစ်ခုဖြစ်တဲ့ (Amaq) အမက်က ဒီတိုက်ခိုက်မှုဟာ IS အဖွဲ့နဲ့ချိတ်ဆက်နေတဲ့အဖွဲ့တွေက လုပ်ဆောင်တာဖြစ်တယ်လို့ သတင်ထုတ်ပြန်ခဲ့ပါတယ်။

သူတို့အဖွဲ့ ဖြစ်ချင်မှဖြစ်လိမ့်မယ်လို့ ဇဝေဇဝါဖြစ်ရပေမယ့် အခုလို ထုတ်ပြောတဲ့အတွက် သက်သေအနေနဲ့ ကိုးကားလို့ရပါတယ်။ သမ္မတ ပူတင်နေထိုင်ရာမြို့မှာ ဒီလိုဖြစ်ရပ်ဖြစ်တဲ့အချိန်မှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်လည်း ပါဝင်နေပြီး အိမ်တွင်းလက်မှုပစ္စည်းကို ဈေးဆိုင်က ဗီဒိုထဲထည့်နေချိန်မှာ တိုက်ခိုက်မှုဖြစ်ခဲ့တဲ့အတွက် ဒဏ်ရာရရှိခဲ့ပါတယ်။

“အတိအကျမသတ်မှတ်ရသေးတဲ့ ပေါက်ကွဲမှုပြင်းအားဟာ TNT ၂၀၀ ဂရမ်နဲ့ညီမျှတယ်လို့” တရားဝင်ပြောကြားထားပါတယ်။ သမ္မတ ပူတင်ကတော့ တိုက်ခိုက်မှုကို ခြိမ်းခြောက်မှုကိုလှုံ့ဆော်တဲ့ အပြုအမှုတစ်ခုလို့ ဖော်ပြထားပြီး လုံခြုံရေးအဖွဲ့တွေကိုတော့ ပြတ်ပြတ်သားသားဆောင်ရွက်ဖို့နဲ့ လက်နက်ကိုင်စစ်သွေးကြွတွေက ခုခံတိုက်ခိုက်လာရင် အမြစ်ပြတ်ချေးမှုန်းဖို့ အမိန့်ပေးထားပါတယ်။

ဧပြီလမှာလည်း စိန့်ပီတာစပတ် မြေအောက်ရထားလမ်းမှာ အသေခံတိုက်ခိုက်မှုဖြစ်ခဲ့ပြီး လူပေါင်း ၁၅ ဦးသေဆုံးခဲ့ပါတယ်။ အဲ့ဒီတိုက်ခိုက်မှုကတော့ ကာဂျစ်စစ်စတန်မှာ မွေးတဲ့ ရရှားနိုင်ငံသားက လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

ဒီလအစောပိုင်းတုန်းကတော့ စိန့်ပီတာစပတ် ရဲ့ ကဇန် ဘုရားကျောင်းကို တိုက်ခိုက်ဖို့အတွက် IS အဖွဲ့က အစီအစဉ်ရှိတယ်လို့ပြောပြီး သူတို့ရဲ့အဖွဲ့ဝင်တွေကို ရရှားက  ဖမ်းဆီးအရေးယူထားတယ်ဆိုတဲ့အကြောင်းကို ထုတ်ပြန်ကြေငြာခဲ့ပါတယ်။ သံသယရှိသူတွေကို ရှာဖွေဖော်ထုတ်ဖို့အတွက် CIA မှ အကူအညီပေးခဲ့အတွက် ပူတင်က ဒေါ်နယ်ထရမ့်ကိုကျေးဇူးတင်လိုက်ပါတယ်။

ရရှားဟာ ၂၀၁၈ ကမ္ဘာ့ဖလားအိမ်ရှင်အနေနဲ့ ကျင်းပဖို့အတွက် ပြင်ဆင်လုပ်ဆောင်နေပြီး စိန့်ပီတာစပတ်မှာ ပြိုင်ပွဲပေါင်းများစွာ ယှဉ်ပြိုင်မှာဖြစ်ပြီး ဆီမီးဖိုင်နယ် ပွဲစဉ်တွေအထိ အဲ့နေရာမှာလုပ်ဆောင်မှာဖြစ်ပါတယ်။ FSB လုံခြုံရေးအဖွဲ့အစည်းက အကြီးအကဲတစ်ဦးဖြစ်သူ အလက်ဇန်းဒြား ဗော့နီကော့ဒ် က နိုင်ငံတော်မှာနေထိုင်ကြတဲ့သူတွေက သတိပေးခံနေရပြီး ကြီးမားတဲ့ပြိုင်ပွဲ ဆီးရီးယားကနေ ဂျီဟတ်ဆင်နွဲဖို့ ပြန်လာတာ ဖြစ်နိုင်တယ်လို့ သူကပြောပါတယ်။

အရှေ့အလယ်ပိုင်းဒေသ၊ မြောက်အမေရိကနဲ့ တစ်နေရာရာမှာရှိတဲ့ IS တွေနဲ့ ပူးပေါင်းတိုက်ခိုက်ဖို့အတွက် ရရှားနိုင်ငံသား ၄၅၀၀ လောက်ဟာ နိုင်ငံကနေ ထွက်ခွာကုန်ကြပြီးဖြစ်တယ်လို့ သူကပြောပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *