ရုံပတီသီး စားသုံးခြင်းဖြင့်ရရှိနိုင်သော ကျန်းမာရေး ကောင်းကျိုးများ

ရုံးပတီသီးဟာ လူတိုင်းကြိုက်တဲ့ ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်ပါတယ်။ ရုံးပတီသီးကို ဟင်းအဖြစ်ချက်စား၊ တို့စရာအဖြစ်ပြုတ်စား၊ ကင်စားလို့ရပါတယ်။ ရုံပတီသီးဟာ အရသာရှိတဲ့ ဟင်းသီးဟင်းရွက်တစ်ခုဖြစ်ရုံတင်မက သူ့မှာ ကျန်းမာရေးအတွက် အထောက်အကူပြုတာတွေ အများကြီးရှိပါတယ်။ အဲတာတွေကတော့

(၁) အစာခြေစနစ်ကို ကောင်းမွန်စေခြင်း

ရုံးပတီသီးဟာ အမျှင်ဓာတ်ကြွယ်ဝစွာ ပါဝင်တဲ့ ဟင်းသီးဟင်းရွက်ဖြစ်ပါတယ်။ ထို့ကြောင့် အစာခြေလမ်းကြောင်းကို သန့်ရှင်းစေနိုင်ပြီး အစာခြေစနစ်ကို အထောက်အကူပြုပါတယ်။ ရုံးပတီသီးစားပေးခြင်းဖြင့် ဗိုက်အောင့်ခြင်း၊ ကျောအောင့်ခြင်း၊ လေထိုးခြင်း၊ ဝမ်းချုပ်ခြင်း အစရှိတဲ့ အစာအိမ်အူလမ်းကြောင်းဆိုရာ ပြဿနာတွေကို ကာကွယ်ပေးနိုင်ပါတယ်။

(၂) အာရုံကြောအားကောင်းစေခြင်း

ရုံးပတီသီးမှာ ဗီတာမင် A ပါဝင်မှု အားကောင်းပါတယ်။ ထို့ပြင် antioxidant လည်း ကြွယ်ဝစွာပါဝင်တာကြောင့် ဆဲလ်ပျက်ဆီးမှုကို ကာကွယ်တဲ့ နေရာမှာ အထောက်အကူပြုစေပါတယ်။ ထို့ကြောင့် အာရုံကြောဆဲလ်ပျက်ဆီးရာမှ အမြင်အာရုံ ချို့ယွင်းမှုကို ကာကွယ်တားဆီးပေးနိုင်မှာ ဖြစ်ပါတယ်။

(၃) အသားအရေလှစေခြင်း

ရုံးပတီသီးမှာ ပါဝင်တဲ့ ဗီတာမင် A ဟာ အရေပြားကျန်းမာရေးကို အားကောင်းစေပါတယ်။ အရေပြားရှိ ဆဲလ်တွေ ပြန်လည်ကုသနိုင်စွမ်းကို မြန်ဆန်စေတဲ့အတွက် အမာရွတ်တွေ ဝက်ခြံတွေကို လျင်မြန်စွာ ပျောက်ကင်းစေနိုင်တဲ့ သတ္တိရှိပါတယ်။

(၄) ကိုယ်ခံအားကောင်းစေခြင်း

ရုံးပတီသီးမှာ ဗီတာမင် C လည်းပါဝင်တာကြောင့် ကိုယ်ခံအားစနစ်ကို မြင့်တင်ရာတွင် အရမ်းကို အားထားရတဲ့ ဟင်းသီးဟင်းရွက်တစ်မျိုးလည်း ဖြစ်ပါတယ်။

(၅) သွေးတိုးကျစေခြင်း

ရုံးပတီသီးမှာ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ပိုတက်စီယမ် သတ္တုဓာတ်လည်း ကြွယ်ဝစွာပါဝင်နေပါတယ်။ ပိုတက်စီယမ်ဟာ ခန္ဓာကိုယ်အတွင်းက ဆိုဒီယမ်ပမာဏကို ထိန်းညှိပေးနိုင်တဲ့အတွက် သွေးဖိအားနှင့် သွေးကြောဆိုင်ရာ ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေပါတယ်။ တစ်နည်းအားဖြင့် သွေးတိုးကို ကျစေနိုင်ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *