ရုံးမှာ အလုပ်တွေအရမ်းပိလာရင် Motivation တတ်အောင် ဘယ်လိုလုပ်မလဲ

အားလပ်ရက်ခရီးသွားပြီးပြန်လာရင် ရုံးပြန်မတက်ချင်ကြတော့ဘူးမလား? ဒီတစ်ခါမှာတော့ ခရီးသွားပြီးပြန်လာတဲ့အခါ ရုံးတက်ဖို့အတွက် motivation ပြန်ရအောင် လုပ်လို့ရမယ့် နည်းလမ်းအချို့ကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။

တစ်နေ့တာအတွက် လိုအပ်တဲ့အင်အားတွေ ပြည့်နေစေဖို့အတွက် အာဟာရပြည့်ဝတဲ့ မနက်စာစားပါ။

အလုပ်ကို တန်းမသွားသေးဘဲ ကော်ဖီဆိုင်ဖြစ်ဖြစ် ခဏထိုင်ပါ။

ဖုန်းကို mute လုပ်၊ အီးမေးလ်တွေကို noti off ပြီး လက်ထဲမှာရှိတဲ့အလုပ်တွေကို အရင်ပြီးအောင်လုပ်ပါ။

အီးမေးလ်တွေ အများကြီးဝင်နေတယ်ဆိုရင်လည်း အီးမေးလ်တွေကို အစဉ်လိုက်တိုင်း ဖြေရှင်းလုပ်ဆောင်သွားပါ။

ကိုယ်ဦးစားပေးလုပ်မယ့်အလုပ်ကို အချိန်သတ်မှတ်ပြီး အဲ့ဒီအချိန်တွင်းမှာ ပြီးစီးအောင် ဆောင်ရွက်ပါ။

အလုပ်တွေများတိုင်း အလုပ်ကိုပဲ သည်းကြီးမည်းကြီးမလုပ်ပါနဲ့။ ၁၅ မိနစ်လောက်ဖြစ်ဖြစ် ခဏတစ်ဖြုတ်အနားယူလိုက်ပါ။

အလုပ်တွေများလို့ မငြီးငွေ့အောင် အီးမေးလ်တွေအတွက် တစ်နာရီအချိန်ပေးပြီး ဖုန်းပြောရမယ့်အလုပ်တွေကို တစ်နာရီအချိန်ပေးပြီး တစ်လှည့်စီလုပ်ပါ။

အလုပ်တွေကို တစ်ပြိုင်တည်းမှာ အားလုံးမလုပ်ဘဲ တစ်ခုပြီးတစ်ခုအပြီးသတ်သွားပါ။

အလုပ်တစ်ခုပြီးတိုင်း တာဝန်တစ်ခုပြီးသွားသလို ခံစားရတာကြောင့် စိတ်ဖိစီးမှုကိုလည်း ခံစားရမှာမဟုတ်ဘဲ အလုပ်တွေလည်း မြန်မြန်ဆန်ဆန်ပြီးသွားပါလိမ့်မယ်။

Leave a comment

Your email address will not be published. Required fields are marked *